ဇာတ်လမ်းအကျဉ်းကတော့…
ငယ်ငယ်တုန်းက အကြောင်းအမျိုးမျိုးကြောင့် နှစ်ဦးသားဝေးကွာခဲ့ကြတဲ့ ငယ်သူငယ်ချင်းနှစ်ယောက်…
တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်ကိုယ်စီ ရှိခဲ့ကြပေမယ့်..
ဒီသံယော်ဇဥ်တွေဟာ ဘယ်လိုအရောင်တွေလဲဆိုတာ မကွဲပြားသေးခင် ကျောင်းပြီးသွားတဲ့အချိန်မှာ အဆက်သွယ်ပြတ်ခဲ့ကြတယ်…
ဒီလိုနဲ့ ကောင်မလေးဖြစ်သူ ဟိုလီ ဟာနှင်းလျှောစီးအပန်းဖြေစခန်းမှာ သူမရဲ့အဖေကိုကူညီရင်းနဲ့ပဲလုပ်ကိုင်နေခဲ့တယ်…
သူမရဲ့အလုပ်ဟာ ပွဲအစီအစဉ်လေးတွေလုပ်…ဟိုတယ်အခန်း ကြိုတင်မှာတာတွေကို လုပ်နေခဲ့မယ်..
သူမရဲ့ နှလုံးသားတစ်နေရာရဲ့ အခန်းလေးကိုတော့ ကြိုတင်အော်ဒါမှာထားလို့မရတော့သလို အဲ့အခန်းကိုခတ်ထားခဲ့တဲ့ သော့လေးဟာလဲ ဖွင့်ပေးနိုင်တဲ့သူမရှိသလို ပျောက်ဆုံးသွားပြီလို့ သူမကိုယ်သူထင်ခဲ့တာပေါ့…
ဒါပေမယ့် ခရစ်စမတ်စ်ကာလ ရောက်တဲ့အချိန်မှာ သူမမျှော်လင့်ထားတဲ့ လူတစ်ယောက်ကို ပြန်တွေ့လိုက်ရတဲ့အချိန်မှာ ဒိန်းခနဲ ခုန်သွားတဲ့သူမရဲ့ ဘယ်ဘက်ရင်အုံကို သတိမထားမိဘဲ မနေနိုင်နိုင်ခဲ့ဘူး…..
နောက်ပိုင်း ခရစ်စမတ်စ်ကာလတစ်လျှောက် သူနဲ့ ဟိုလီတို့ ဘယ်လိုဆက်ပြီး အနုပညာမြောက်ချစ်ခြင်းတရားတွေ ဘယ်လိုဖွဲ့သီကြမလဲဆိုတာကိုတော့….Crd: Channel Myanmar
Related