ဒီတစ်ခေါက်တော့ ပရိသတ်ကြီးအတွက် ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းလေးနာမည်က Cold Pursuit (2019)ပါ။နာမည်ကျော်မင်းသားကြီး Liam Neeson ကအဓိကခေါင်းဆောင်မင်းသားအနေနဲ့ သရုပ်ဆောင်ထားပါတယ်။
Drama Thriller Actionကားလေးတစ်ကားဖြစ်တဲ့ ဒီကားလေးကတော့Imdb Rating 6.4/10 Rotten Tomatoes 69%ရရှိထားတာမလို့ စိတ်ဝင်စားစရာအက်ရှင်ကားလေးတွေကို မျှော်လင့်နေတဲ့ပရိသတ်ကြီးအဖို့ အကြိုက်တွေ့စေမှာပါ။
ဇာတ်လမ်းအကျဉ်းလေးကိုလဲပြောပြချင်ပါသေးတယ်။
နဲလ် ကော့စ်မန်းဆိုတဲ့ လူကြီးက ချစ်မြတ်နိုးရတဲ့ ဇနီးသည်ရယ်သားတစ်ယောက်ရယ်နဲ့ ဘဝကို လမ်းတွေပေါ်က နှင်းရှင်းပေးတဲ့ အလုပ်ကိုလုပ်ရင်းအေးဆေးစွာနေထိုင်လာခဲ့သူပါ။
ကီးဟိုးမြို့ရဲ့တစ်နှစ်တာ စံပြနိုင်ငံသားဆုပါရရှိခဲ့တဲ့အထိ အေးချမ်းစွာအများအကျိုးဆောင်ရင်းနေလာခဲ့ပေမယ့်တစ်နေ့မှာ ဂြိုဟ်ဆိုးဝင်လာပါတော့တယ်။
သူ့သားလေး အသတ်ခံလိုက်ရတာပါပဲ။ ဆေးစစ်ချက်အရ ဆေးလွန်ပြီးသေတယ်လို့ပြောကြပေမယ့်သားဖြစ်သူမူးယစ်ဆေးမစွဲတာ သူအသိဆုံးပါ။
သူ့သားသေဆုံးမှုနောက်ကွယ်က ဖြစ်ရပ်တွေကိုလိုက်စုံစမ်းရင်းသူဘာတွေသိလာခဲ့ရသလဲ? သားဖြစ်သူကို ဘယ်သူကဘာ့ကြောင့်သတ်လိုက်တာလဲ?သူကရော ဘယ်လိုအကွက်ချကာ လက်စားချေမလဲ? ဆိုတဲ့မေးခွန်းတွေနဲ့ စိတ်လှုပ်ရှားစွာ အဆုံးထိ မပျင်းမရိကြည့်ရှုရမယ့်ဇာတ်ကားလေးပါ။
ဇာတ်လမ်းကောင်းလေးတွေကိုမျှော်လင့်နေတဲ့ ပရိတ်သတ်ကြီးအတွက်ဒီကားလေးက အကြိုက်တွေ့စေမှာအမှန်ပါပဲ…Crd: Channel Myanmar
Related