IMDB Rating 6.8 ရရှိထားတဲ့ Colette ဆိုတဲ့ ၂၀၁၈ ထွက်ရုပ်ရှင်ကားလေးကတော့ ပြင်သစ် mime အနုပညာရှင်၊ ပြဇာတ်မင်းသမီး၊ ဂျာနယ်လစ်၊ နိုဘယ်ဆု ဆန်ကာတင်စာရင်းဝင် စာရေးဆရာမ Sidonie-Gabrielle Colette ရဲ့ အစောပိုင်းဘဝအကြောင်းကို ရိုက်ကူးထားတာပါ။
အဓိက ဇာတ်ဆောင်အနေနဲ့တော့ အထူးတလည်မိတ်ဆက်ပေးစရာမလိုတဲ့ Keira Knightley က ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဒီဇာတ်ကားမှာ ကျေးတောသူလေးတစ်ယောက် မြို့ကြီးပြကြီးမှာ မဝင်ဆန့်နိုင်တဲ့ ဒုက္ခတွေ၊ အနုပညာကိုအမြတ်ထုတ်ခံရတဲ့ အနုပညာသမားတွေ၊ အဲဒီနှစ်တွေက မိန်းမတစ်ယောက်ရဲ့ နိမ့်ကျမှုတွေ ကြားက Sidonie-Gabrielle Colette ရဲ့ ဘဝကိုကြံ့ကြံ့ခံရင်ဆိုင်ပြီး တိုက်ခိုက်ခဲ့တဲ့ လွတ်လပ်တဲ့စိတ်ထားရှိတဲ့ ပုံစံကိုမြင်တွေ့ရမှာပါ။
လိင်တူချင်း ချစ်ကြိုက်တာကို ရှုံ့ချတဲ့ ခေတ်ကြီးထဲက လိင်တူချစ်သူတွေအတွက် တိုက်ခိုက်ခဲ့သူတစ်ဦးအနေနဲ့လည်း Colette သတ်မှတ်လို့ရပါတယ်။
R Rated ဇာတ်ကားဖြစ်တဲ့အတွက် မိသားစုနဲ့ကြည့်ဖို့မသင့်တော်ပါဘူး။
ဒီဇာတ်ကားနဲ့တော့မဆိုင်ပေမယ့် ဒီဇာတ်ကားထဲမှာပါတဲ့ ကျွန်တော်အကြိုက်ဆုံး Movie Quote လေးကတော့ “သမိုင်းဆိုတာ အဲဒီသမိုင်းကိုရေးတဲ့ ကလောင်ကိုင်သူလက်ထဲမှာပဲရှိတယ်” ဆိုတာပါပဲ….Crd: Channel Myanmar
Related