ကျနော်တို့ ရဲ့ အသဲကျော်ကြီး DC ရဲ့ အကျော်ကြားဆုံး မှော်ဆရာ John Constantine ရဲ့ Solo Animation လေးပါ …သူ့အရင်ကတော့ မိနစ်ပိုင်းစာ TV Series အဖြစ် ထွက်ခဲ့ပြီး Movie အဖြစ် ပြန်ပေါင်းထုတ်လိုက်တာပါ….အသံသရုပ်ဆောင်ပေးထားတာကလဲ မူလ TV Series မှာ Constantine အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား Matt Ryan ကိုယ်တိုင်ပါပဲ….ဒီရုပ်ရှင်မှာတော့ ဂျွန် ဟာ သူ့ထုံးစံအတိုင်းပဲပေမြဲ နေမြဲ ဆိုးဆဲ ဖြစ်ပါတယ်….တစ်ရက်မှာတော့ သူ့အချစ်ဆုံး သူငယ်ချင်းဖြစ်သူ ချက်စ် တစ်ယောက် ဗြုန်းစားကြီး ရောက်လာခဲ့ပြီး သူ့သမီးလေး ကိုမာ ဝင်နေရာက ပြန်မနိုးလာတဲ့အတွက် အားကိုးတကြီး လာအကူအညီတောင်းတာပါ…ဂျွန် လိုက်သွားပြီး စစ်ကြည့်တဲ့ အခါမှာတော့ အဆိုးရွားဆုံးနတ်ဆိုး တစ်ကောင်က သူ့ဝမ်းဗိုက်ထဲမှာ ချုပ်နှောင်ထားတာပါ….ဂျွန် နတ်ဆိုးဆီ လိုက်သွားတဲ့ အခါမှာတော့ ချက်စ် ရဲ့ သမီးက ငါးစာ သက်သက် ဖြစ်ပြီး ဂျွန် ရဲ့ မှော်အစွမ်းကို အသုံးချ သိမ်းသွင်းပြီးခိုင်းချင်တဲ့ ကိစ္စ တစ်ခုအတွက် ဂွင်ဆင်ခဲ့ကြောင်း သိခဲ့ရတယ်…ကျန်တာတွေကတော့ ဇာတ်ရှိန်မပျက်အောင် ကိုယ်တိုင်ပဲ ကြည့်လိုက်ကြပါ….ဂျွန် ကို လွမ်းနေတဲ့ Fan တွေ အတွက် အလွမ်းပြေ Animation Movie လေးကနည်းနည်းတော့ အလွမ်းပြေစေမှာပါ……Crd: Channel Myanmar
Related