အာကာသစကြဝဠာအကြောင်းလေ့လာတာကို စိတ်ဝင်စားတဲ့ ပရိတ်သတ်တွေအတွက် ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါ့မယ်။
ဒီကားလေးမှာတော့ မိုက်ခ်၊ ရွိုင်းနဲ့ ဟယ်ရီဆိုတဲ့ လူသုံးယောက်က ဟိုးကောင်းကင်ကြီးပေါ် က အရာတွေကို လေ့လာဖို့ ပစ္စည်းကိရိယာတွေယူပြီး ညဘက်ကြီး ကွင်ပြင်တစ်ခုကို ထွက်လာခဲ့ကြတယ်။
အဲမှာ ထူးဆန်းတဲ့အရာတစ်ခုကို သူတို့ခြေရာခံမိသွားတဲ့အခါ…
ဒီလူသုံးယောက်က အတိတ်မှာ ဘယ်လိုအဆက်အစပ်တွေရှိကြလဲ၊
သူတို့ရှာတွေ့သွားတဲ့အရာကရော ဘာဖြစ်မလဲ၊
အဲအရာကိုကာကွယ်ဖို့ သူတို့ ဘယ်လိုကြိုးစားရမလဲ
ဒါတွေကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာပါ။
သူငယ်ချင်းမိတ်ဆွေအစစ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကိုလည်း ပါးပါးလေး ချပြသွားပါသေးတယ်။
ဇာတ်လမ်းက အလယ်လောက်အထိတော့ နည်းနည်းလေး ပျင်းဖို့ကောင်းတယ်လို့ ထင်ရပါလိမ့်မယ်။
ဒါပေမဲ့ နောက်ပိုင်းရောက်လာလေ စိတ်ဝင်စားဖို့ကောင်းလေပါပဲ…. Crd: Channel Myanmar
Related