မှုခင်းကားတွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်ကြီးအတွက်၂၀၁၈ ခုနှစ်ထွက် One Two Jaga ဆိုတဲ့ မလေးရှား ကားသစ်လေး တင်ဆက်ပေးလိုက်ပါတယ်။ IMDb 6.7/10 ရရှိထားပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကားတစ်ကားပါ။
ဒီဇာတ်ကားထဲမှာ မလေးရှားနိုင်ငံက တရားမဝင်ပြောင်းရွေ့နေထိုင်သူတွေရဲ့ ဘဝကို ရိုက်ပြထားပြီး မလေးရဲတွေရဲ့ လာဘ်စားပုံတွေကိုလည်း ရိုက်ပြထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ အင်ဒိုနီးရှားကလာရောက်အလုပ်လုပ်တဲ့ ကလေးတစ်ယောက် ဖခင်လည်းဖြစ်တဲ့ အလုပ်သမားတစ်ဦးဟာ ဆောက်လုပ်ရေးလုပ်ငန်းမှာအလုပ်လုပ်နေရင်းကနေ သူ့လိုပဲ အင်ဒိုကနေ လာရောက်အလုပ်လုပ်တဲ့ သူ့ညီမဟာ အလုပ်ခွင်မှာ ပြဿနာဖြစ်ပြီး အင်ဒိုနီးရှားကိုပြန်ဖို့ သူ့ဆီကို အကူအညီလာတောင်းပါတော့တယ်။
သူ့ညီမရဲ့ နိုင်ငံကူးလက်မှတ်တွေအားလုံးဟာ အလုပ်ရှင်ဆီမှာကျန်ခဲ့တဲ့အတွက် လောလောဆယ်တရားမဝင်နေထိုင်သူလိုဖြစ်နေတဲ့အတွက်ကြောင့် သူ့ကို အင်ဒိုပြန်ပို့ဖို့ ဘယ်လိုတွေကြိုးစားရုန်းကန်ကြမလဲဆိုတာ ပရိသတ်ကြီးကိုယ်တိုင်ပဲ ကြည့်ရှုခံစားတော်မူပါ….. Crd: Channel Myanmar
Related