၁၆၆၀ ခုနှစ်လောက်က စုန်းမတစ်ယောက်ဟာ သူအသတ်မခံရခင်မှာ အရုပ်တစ်ရုပ်ကိုကျိန်စာတိုက်ခဲ့ပါတယ်။ အဲ့အရုပ်မှာ သူ့ဝိဉာဉ်ဝင်သွားတာပေါ့။
ဒုတိယကမ္ဘာစစ်ကာလရောက်တော့သားအမိ ၂ ယောက်ဟာ စစ်ဘေးရှောင်ရင်းနဲ့သူတို့အသိရဲ့အိမ်ကြီးမှာ လာနေကြပါတယ်။ အဲ့အိမ်ကြီးမှာ အဲ့အရုပ်ရှိနေတယ်ပေါ့။
သားအမိ ၂ ယောက်တည်းအဲ့အိမ်ကြီးမှာနေရင်း မူမမှန်တာတွေတွေ့လာရရော။ တစ်နေ့ကျတော့ သားအမိ ၂ ယောက်အိမ်နောက်ကတောထဲမှာ တူတူပုန်းတမ်းကစားရင်း (သူတို့မို့လို့ ကစားရဲတယ် ကြံကြံဖန်ဖန် ?)သမီးလေးကပျောက်သွားရော။
အဲ့မှာ သူ့အမေက သမီးကိုဘယ်လိုလိုက်ရှာမလဲ။ အိမ်ကြီးရဲ့လျှို့ဝှက်ချက်ကရောဘာလဲ။ မြှုပ်ကွက်လေးတွေလဲရှိနေသေးတော့ဇာတ်လမ်းထဲမှာပဲ ဆက်လက်ရှုစားကြပါ….. Crd: Channel Myanmar
Related