ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရေးတဲ့ မိုးညအိပ်မက်မြူဝတ္ထုထဲက ဘဝပေါင်းများစွာနဲ့ ကျင်လည်ခဲ့ရတဲ့ မောင်ညိုမှိုင်း….ငယ်ငယ်တုန်းက မိုးတွေရွာတဲ့ညတွေမှာ ချစ်ရတဲ့အရာတွေ ဆုံးရှုံးလိုက်ရတော့ မိုးရွာတဲ့ညတွေဟာ သူ့အတွက်ဆိုက်ကိုတစ်ခုလို….မိုးတွေရွာရင်ဘာတွေများဆုံးရှုံးလေမလဲလို့…မိုးညနဲ့ ဆုံးရှုံးရမှုကို မကွဲပြားလေတော့ရှာဘူး….လူတိုင်းလောကဓံတရားနှင့်ရင်ဆိုင်ရသည်။ တချို့ကကြံ့ကြံ့ခံပြီးဆက်သွားနိုင်သည်၊ တချို့က ကံဆိုးနှိပ်စက်ခြင်းကြောင့် စိတ်သော်လည်းကောင်း ကိုယ်သော်လည်းကောင်း ပျက်စီးကြရသည်။ ထိုသို့ပျက်စီးမှုသည် ဒီလောကတွင် တကယ်ရှိသည်။ ထိုအကြောင်းကို ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်က ဇာတ်လမ်းဖွဲ့သည်။ စိတ်ကူးယဉ်ဇာတ်လမ်းဖြစ်သည်..။ဆရာကြီးက မောင်ညိုမှိုင်းကို သနားစဖွယ် ဖွဲ့သည်။ မောင်ညိုမှိုင်းသည် လူကောင်းပေကိုး…။ မိုးညအိပ်မက်မြူသည် စိတ်ကူးယဉ်ဇာတ်လမ်းဖြစ်သော်လည်း ယခုတင်ဆက်မည့် ဇာတ်လမ်းမှာ ကိုရီးယားနိုင်ငံတွင်တကယ်ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်တစ်ခုဖြစ်သည်..။ သူသည်မောင်ညိုမှိုင်းလို လောကဓံအထုအထောင်းခံရသည်။ စိတ်၏ပျက်စီးခြင်းခံရသည်။ အတွဲလိုက်လူတွေသတ်သည်။ ဇာတ်လမ်းနှစ်ခုစလုံးတွင် ပရိတ်သတ်ယူစရာမှာကား သင်ခန်းစာနှင့် ရသသာဖြစ်တော့သတည်း….Crd: Channel Myanmar
Related