လျှောက်သွားနေတဲ့ သူတိုင်းက လမ်းပျောက်နေတာ မဟုတ်ပါဘူး။
ဒါပေမဲ့ လျှောက်သွားနေတဲ့သူ တော်တော်များများကတော့ လမ်းပျောက်နေကြပါတယ် တဲ့။
ဒီစာသားလေးက DC Showcase တွေထဲက The Phantom Stranger ရဲ့ အကြောင်းကို ပြထားတဲ့ ဇာတ်လမ်းတိုလေးရဲ့ အစမှာပါလာတာပါ။
ဒီဇာတ်လမ်းတိုလေးထဲမှာ အမှန်တရားကို ရှာဖွေရင်းလမ်းပျောက်နေတဲ့ ကောင်မလေးတစ်ယောက် Sebastian ဆိုတဲ့ ဝိညာဉ်တွေကို စုပ်ယူစားသောက်နေတဲ့ မကောင်းဆိုးရွားတစ်ကောင်ဆီကို ရောက်သွားခဲ့ပေမဲ့ လမ်းမှားကို ရွေးမိတဲ့ သူ့ကို Phantom Stranger က လမ်းမှန်ကို ရှာဖွေနိုင်တဲ့ နည်းလမ်းပြပေးခဲ့ပါတယ်။
အမှန်တရားဆိုတာ လမ်းရဲ့အဆုံးမှာရှိနေတာမဟုတ်ပါဘူး။
လမ်းကိုလျှောက်နေတဲ့သူရဲ့ ရင်ထဲမှာရှိနေတာပါလို့ ပြောသွားပါတယ်။
Dialogue တွေကတော့ ကြွေချင်စရာတွေပါပဲဗျာ။
မှော်စွမ်းအားကို ပိုင်ဆိုင်ထားပြီး Immortal တစ်ယောက်ဖြစ်တဲ့ Phantom Stranger အကြောင်း တစ်ချက်လောက် ရှိုးလိုက်ကြပါဦး….Crd: Channel Myanmar
Related