MDb 6.7/10,
Google Users 90%,
ဒီတစ်ခါတော့ ဘောလီဝုဒ်ပရိသတ်ကြီးအတွက် Rom-Com ဇာတ်ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ။
၂၀၁၉ ဝင်ငွေအကောင်းဆုံး ၁၀ ကား စာရင်းဝင်တစ်ကားဖြစ်သလို အချစ်ဟာသဇာတ်မြူးတွေသာရိုက်လေ့ရှိတဲ့ ဒါရိုက်တာ Akiv Ali ရဲ့ ကားကောင်းတစ်ကားဆိုလည်း မမှားပါဘူး။
ပိုစတာပေါ်မှာ Romantic Comedy Movie ဆိုပြီးရေးရေးထားပြီးပေါပေါလောလောတွေ တင်ဆက်နေတဲ့ ကိုယ်တွေဆီက မြန်မာကားတွေအနေနဲ့ ဒီလိုကားတွေကနေ ပညာယူသင့်ပါတယ်။
Rom-Com ဆိုတာဘာလဲ။
ဟာသဇာတ်ကားကောင်းတစ်ကားဖြစ်ဖို့ အိုကြီးအိုမတွေက ပေါတောတောတွေ လုပ်ပြစရာမလိုသလိုဗလတောင့်တောင့် အစ်ကိုကြီးတွေကလည်း ခြောက်ပြစရာမလိုပါဘူး။
သေခါနီးဘွားတော်ကြီးတွေ ရွပြဖို့မလိုသလိုချာတိတ်တွေက လူကြီးသူမတွေကို သောက်ပေါတွေပါလို့ အမြင်မှားအောင် ရိုက်ပြစရာမလိုပါဘူး။
ကုန်ကုန်ပြောရရင် ကလိထိုးပြီး မရယ်ရဖို့အရေးကြီးပါတယ်။
ဒီဇာတ်ကားထဲမှာ Rom-Com ဆိုတဲ့အတိုင်းRomance အခန်းတွေမှာလည်း ကြည်နူးစရာတွေဖြစ်စေသလိုComedy အခန်းတွေမှာလည်း တွေးတွေးပြီးရယ်ချင်စိတ်တွေဖြစ်စေပါတယ်။
ဒီတော့ မိသားစုနဲ့အတူ ပျော်ပျော်ပါးပါးနဲ့ ဇာတ်ကားကောင်းတစ်ကားကို ခံစားကြည့်လိုက်ပါ။
ပေးလိုက်ရတဲ့အချိန် ၃ နာရီဝန်းကျင် အလကားမဖြစ်စေရဘူးလို့ အာမခံပါတယ်။
ဇာတ်လမ်းလေးအကြောင်းပြောပြရရင် … အသက် ၅၀ အရွယ် အိမ်ထောင်ကွဲအမျိုးသားတစ်ဦးဖြစ်တဲ့ အာရှစ်(ရှ်)ဟာ အသက် ၂၆ အရွယ် အိုင်(ယ်)ရှားဆိုတဲ့ကောင်မလေးနဲ့ ချစ်ကျွမ်းဝင်သွားခဲ့ပါတယ်။
၁၄ နှစ်အသက်ကွာခြားမှုကြောင့် ပတ်ဝန်းကျင်မှာ သူတို့နှစ်ယောက်ကြားထိုးနှက်မှုပေါင်းများစွားလည်း ရှိနေပါတယ်။
အဲ့ဒီအချိန်မှာ အာရှစ်တစ်ယောက် အိုင်(ယ်)ရှားကို သူ့မိသားစုနဲ့တွေ့ပေးဖို့ခေါ်သွားတဲ့အခါမှာတော့ …Crd: Channel Myanmar
Related