ဒီကားကတော့ ၂၀၁၉ ခုနှစ်ကရိုက်ကူးခဲ့ပြီး
၂၀၂၀ အစောပိုင်းမှာ ကိုရီးယားမှာထုတ်လွှင့်ပြသခဲ့တဲ့
Thriller အမျိုးအစားကားလေးတစ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့ ညဖက်တွေဆို
တက္ကစီသမားတစ်ယောက်က ခရီးသည်တွေကို
၃၁ လမ်းဆိုတဲ့နေရာကို ခေါ်သွားပြီးပြန်ပေးဆွဲပြီးသတ်ပစ်တတ်တယ်ဆိုတဲ့
သတင်းစကားတွေက ဂျီဟုန်းအထက်တန်းကျောင်းလေးမှာပျံ့နေပါတယ်။
အဲ့ကျောင်းမှာလျှို့ဝှက်သည်းဖိုတွေဆို စုံစမ်းချင်တတ်ကြတဲ့
ဆယ်ကျော်သက် Youtuber အဖွဲ့လေးတစ်ဖွဲ့ရှိတယ်။
ယောင်းဂျောင်း၊ဂျင်းဂီနဲ့ လီဆွန်းဆိုတဲ့ကောင်မလေး
၂ယောက်၊ကောင်လေး ၁ ယောက်ပါတဲ့ အဖွဲ့လေးပေါ့။
သူတို့ကဒီတက္ကစီလူသတ်သမားကို အရမ်းစိတ်ဝင်စားပြီးစုံစမ်းချင်နေကြတယ်။
အဓိကကတော့သူတို့ Youtube Channel မှာ
ဒီလူသတ်မှုအကြောင်းကို အခင်းဖြစ်ရာအထိသွားစုံစမ်းပြီး
ဖြစ်ရပ်မှန်အနေနဲ့ လူကြည့်များအောင် တင်ချင်တာပေါ့။
သူတို့လျှို့ဝှက်စုံစမ်းမှာကို သိသွားတဲ့ သူတို့ဆရာမကလည်း
ဒီအကြောင်းအရာတွေစုံစမ်းတဲ့အခါ အုပ်ထိန်းသူရှိဖို့လိုအပ်လို့
သူတို့နဲ့အတူ လိုက်လာဖို့ဖြစ်လာခဲ့တယ်။အဲ့လိုလေးယောက်သား
အခင်းဖြစ်တဲ့နေရာကို ကိုယ်တိုင်ကိုယ်ကျသွားရောက်စုံစမ်းကြတဲ့
အခါမှာတော့ မထင်မှတ်ထားတာတွေ၊ထူးဆန်းအံ့သြဖွယ်ရာတွေ
စပြီးဖြစ်လာပါတော့တယ်။သူတို့ ဘယ်လိုအံ့သြစရာတွေကြုံရမလဲ၊
တက္ကစီလူသတ်သမားကကောတကယ်ရှိတာလား
၊နောက်ဆုံးဘယ်လိုဖြစ်လာမလဲဆိုတာတော့
ပရိတ်သတ်ကြီး ကိုယ်တိုင်ခံစားကြည့်ရှုစေချင်ပါတယ်…..Crd: Channel Myanmar
Related