လူခြေတိတ်ဆိတ်တဲ့ညတစ်ညမှာ ဂျီမင်က ခင်ပွန်းလောင်းဝူဂျင်နဲ့အတူကားမောင်းထွက်တုန်း ဝူဂျင်ကကားနဲ့ကျောင်းသူလေးတစ်ယောက်ကိုတိုက်မိခဲ့ပြီး အဲ့ဒီကျောင်းသူလေးကအခင်းဖြစ်ရာမှာပဲသေဆုံးသွားခဲ့ပါတယ်…
ဝူဂျင်နဲ့ဂျီမင်တို့က သေဆုံးသွားပြီဖြစ်တဲ့ကျောင်းသူလေးကိုဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲတစ်နေရာမှာလူမသိအောင်မြုပ်ထားပစ်လိုက်ပါတော့တယ်…
အဲ့နေ့ကစပြီး ဂျီမင်တစ်ယောက် ထင်ယောင်ထင်မှားတွေ မကြာခဏ မြင်ကြားနေရပြီး သေသွားတဲ့ကျောင်းသူလေးကိုလည်း မကြာခဏသူ့ရှေ့ပေါ်လာတာကိုမြင်နေရလို့ စိတ်ဂယောင်ခြောက်ခြားတွေဖြစ်နေခဲ့ပါတယ်….
ဂျီမင်ကရဲစခန်းကိုသွားပြီး စုံထောက်အင်ထက်ဆီကိုအဲ့နေ့ကကားတိုက်မှုအကြောင်းကိုသွားတိုင်ကြားတဲ့အခါ အဖြစ်မှန်ကဒီတိုင်းပေါ်လာမှာလား….
အဲ့ဒီသေဆုံးသွားတဲ့ကျောင်းသူလေးမှာ အဖေလိုတစ်ဖုံအစ်ကိုလိုတစ်ဖုံညီမလေးကိုအရမ်းချစ်တဲ့အစ်ကိုရှိနေမှန်းသူတို့မသိကြသောအခါ…
အဲ့ဒီအစ်ကိုကရောသူ့ညီမလေးအတွက်ဘယ်လိုကလဲ့စားပြန်ချေပေးမှာလဲ….ဆိုတာဆက်လက်စောင့်ကြည့်ကြဖို့တိုက်တွန်းလိုက်ပါရစေ….. Crd: channel Myanmar
Related