နတ်ဆိုးတွေ၊ မကောင်းဆိုးဝါးတွေ၊ မီးခွက်စောင့်ဘီလူးတွေဘာတွေဆိုတာ သင်အလိုရှိတဲ့ဘယ်အရာကိုမဆို ဖြည့်စွမ်းပေးနိုင်တယ်ဆိုပေမယ့်လဲ ရှောင်ရှားသင့်ပါတယ်… ဘာလို့လဲဆိုတော့ အရာအားလုံးမှာအပေးနဲ့အယူဆိုတာရှိသလိုမျိုး သူတို့ဆီကနေကိုယ်ဖြစ်ချင်တဲ့အရာကို ယူထားပြီးရင် သူတို့ကို ပြန်ပေးဆပ်ရမယ့်အရာဆိုတာလဲရှိစမြဲပါ…
ဒီဇာတ်လမ်းထဲမှာတော့ ဆေဒီဆိုတဲ့ကောင်မလေးဟာသူ့အဖေသေဆုံးပြီးနောက်ပိုင်းမှာ သူ့အဖေရဲ့မြို့ကိုပြန်လာခဲ့ပါတယ်….
သူ့အဖေချန်ထားခဲ့တဲ့ပစ္စည်းတွေထဲမှာ နတ်ဆိုးမျက်လုံးဆိုတဲ့ပစ္စည်းတစ်ခုကို တွေ့သွားပါတော့တယ်…
အဲ့နောက်ပိုင်းမှာ နတ်ဆိုးမျက်လုံးရဲ့အစွမ်းကြောင့် သူ့ရဲ့လိုအင်ဆန္ဒတွေ ပြည့်ဝသွားပါတယ်…
ဒါပေမယ့်လဲ အပေါ်မှာပြောခဲ့သလို အရာရာတိုင်းမှာ အပေးနဲ့အယူဆိုတာရှိတာကြောင့် သူပြန်ပေးဆပ်ရမယ့်အရာမှာ……
ဒီကားကတော့ Jump Scares တွေတော်တော်လေးပါတာကြောင့် ဇာတ်လမ်းသဘောထက် Horror movies တွေကိုကြည့်ပြီးကြောက်လန့်ချင်သူတွေအတွက် တော်တော်လေးအဆင်ပြေစေမှာပါ….. Crd: Channel Myanmar
Related