Diamonds are Forever ( 1971 )
==================================
ယခုတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးက ..
Diamonds are orever ဆိုတဲ့ ၁၉၇၁ ကထွက်ရှိထားတဲ့ movie လေးပါ…
ကျွန်တော်တို့ ငယ်ငယ်ကနာမည်ကြီးတဲ့ 007 လို့သိခဲ့ကြခဲ့ မင်းသားကြီးကားပဲဖြစ်ပါတယ်…
၁၉၇၁က ဇာတ်ကားဆိုတော့ ရိုက်ချက်တွေနဲ့ နောက်ခံတီးလုံးတွေကလည်း နည်းနည်း အခုခေတ်နဲ့ ဆန့်ကျင်ဖက်ဖြစ်နေမယ်ဆိုတာ အာမခံပါတယ်။
ဒါပေမယ့်လည်း ဒီဇာတ်ကားကို ကြည့်ပြီးတဲ့အချိန်မှာတော့ ဒီဇာတ်ကား အတွက် ဘယ်လောက်တောင် ကုန်ကျခံထားရမယ်ဆိုတာကို မှန်းကြည့်လို့တောင်ရပါတယ်…
ဘာလို့လည်းဆိုတော့ ဒီရဲ့ ဇာတ်၀င်ခန်းတစ်ချို့ကို အမှန်အကန်ရိုက်ထားတာဖြစ်လို့ပါပဲ။
ဇာတ်လမ်းကတော့ IMDb 6.6 အထိရရှိထားပါတယ်…
ဇာတ်လမ်းလေးကတော့ Blofeld ဆိုတဲ့ ဗိုလ်မှူးတစ်ယောက်က သူ့ရဲ့တရားမ၀င်စမ်းသပ်ချက်တွေကိုလုပ်ဆောင်နေချိန်မှာ မင်းသားကြီး 007 က ၀င်ရောက်တားဆီးခဲ့ရာကနေပြီးတော့ စတင်ခဲ့ပါတယ်…..
ဒါပေမယ့်လည်း James Bond က Blofeld ကို
သတ်လိုက်ပြီလို့ထင်နေပါတယ်…
ဒီလိုနဲ့ပဲ သူတို့တွေ ဌာနကိုပြန်လာပြီးတော့ စိန်ထုတ်လှုပ်မှုနဲ့ပက်သက်ပြီးတော့ဖြစ်ပွားနေတဲ့ ပြဿနာတွေကို ပြောဖြစ်ကြတယ်။ စိန်တွေက ကြားထဲကနေပြီးတော့ပျောက်ဆုံးနေတယ်ဆိုတဲ့အကြောင်းကိုပေါ့…
ဒီလိုနဲ့ပဲ James Bond ရဲ့ တာ၀န်ဖြစ်လာပြီး James Bond က တစ်ခြားနိုင်ငံတစ်ခုကို Passport အတုတစ်ခုနဲ့ သွားရောက်လာဖို့ဖြစ်လာပါတော့တယ်။ Frank ဆိုတဲ့စိန်ကူးသန်းရောင်းဝယ်ပေးတဲ့သူအဖြစ်နဲ့ပေါ့….
ဒီလိုနဲ့ Frank တစ်ဖြစ်လည်း James Bond ဟာ တခြားနိုင်ငံတစ်ခုကိုရောက်သွားတဲ့အခါမှာ စိန်နဲ့ပက်သက်ပြီးတော့ စုံစမ်းရေးတွေစတင်ဖို့ ..
Tiffany ဆိုတဲ့ကောင်မလေးဆီကိုသွားတွေ့ပါတယ်။ သူကလည်း ဒီစိန်ရောင်း၀ယ်သူနဲ့ ဆက်နွယ်နေတာပါ…
ဒီလိုနဲ့ Frank ယောင်ဆောင်ထားတဲ့ James Bond ဟာ Tiffany ဆီကို တစ်ကယ့် Frank အစစ်ရောက်ရှိလာတဲ့အချိန်မှာ သူ့အကြောင်းကိုမပေါ်ဖို့အတွက် တားမြစ်ရင်း…
Frank ကိုသတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ပဲ Fank ကို မီးသဂြိုလ်ရင်း
စိန်အတုတွေ လိမ်လည်ပြီးပေးလိုက်တဲ့သူတွေကို လိုက်ပြီးတော့စုံစမ်းရာကနေ
ဘယ်လို စွန့်စားခန်းတွေ လုပ်ဆောင်ရမလည်း…
အနောက်ကကြိုးကိုင်နေတဲ့သူတွေကရောဘယ်သူတွေလည်းဆိုတာ 007 တစ်ယောက်ဖော်ထုတ်နိုင်မလား။ ဘယ်လိုအခက်အခဲတွေကြုံရမှာလဲ
ကြိုးကိုင်ထားတဲ့သူကရော စိန်တွေကိုဘာအတွက်အသုံးချနေတာလည်းဆိုတာဘယ်လိုသိရမလဲ…
ဘယ်လိုအကွက်တွေချထားမလည်းဆိုတာကို…
စိတ်၀င်စားစွာကြည့်ရမှာပါ…
Translated by KyawHtet WinThein
Encoded by MgKyaw
Quality – Bluray
Size – 900MB / 440MB
IMDB – 6.6
Genres – Action, Spy
Run Time – 2 Hr 5 mins