ပရိတ်သတ်တွေဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ “The Dogman” ဆိုတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်…
ဒီဇာတ်လမ်းကတော့ အီတလီဇာတ်လမ်းဖြစ်ပါတယ်…IMDb 7.4 ရထားတာမို့ အထူးညွှန်းနေစရာမလိုပါဘူး…
ဇာတ်လမ်းအကျဥ်းကတော့ မာဆယ်လိုဆိုတာကတော့ Dogman ဆိုတဲ့ ခွေးစောင့်ရှောက်ရေးဆိုင်ဖွင့်ထားတဲ့ စီးပွားရေးသမားတစ်ယောက်ပါ..မာဆယ်လိုမှာ သူအရမ်းချစ်ရတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်…
မာဆယ်လိုမှာ ဆီမွန်နဲ လို့ခေါ်တဲ့ သူငယ်ချင်း တစ်ယောက်လည်းရှိပါတယ်…
ဆီမွန်နဲဟာ မာဆယ်လိုတို့ နေတဲ့နေရာမှာတော့ လူကောင်ကြီးကြီးနဲ့ လူတိုင်းကြောက်ရတဲ့ လူဆိုးတစ်ယောက်ဖြစ်ပါတယ်…ဆေးစွဲပြီး လုပ်ချင်ရာလုပ်တတ်တဲ့ တစ်ကိုယ်ကောင်းသမားတစ်ယောက်ပါ… ဓားပြတိုက်တယ် ဆေးချတယ် လူမိုက်အလုပ်အကုန်လုံးက ဆီမွန်နဲလက်က မလွတ်ပါဘူး…
မာဆယ်လိုကတော့ ဆီမွန်နဲ နဲ့ ပြောင်းပြန်ပါ…လူကောင်သေးသေးနဲ့ သူငယ်ချင်းဖြစ်သူ ဆီမွန်နဲကိုလည်း အထူးကြောက်ရပါတယ်…မာဆယ်လိုဆိုင်ဘေးမှာတော့ အိမ်နီးချင်းတစ်ယောက်ရဲ့ရတနာဆိုင်ရှိပါတယ်..ဒါကို သိတဲ့ ဆီမွန်နဲက ဘေးဆိုင်ကို ဖောက်ထွင်းဝင်ဖို့ မာဆယ်လိုကို ပြောပါတယ်… ရတဲ့အမြတ်ကို တစ်ယောက်တစ်ဝက်ယူကြမယ်ပေါ့…
ဒီအချိန်ဟာမာဆယ်လိုသမီးလေးနဲ့ ခရီးသွားဖို့ ပိုက်ဆံလိုတဲ့ အချိန်လည်းဖြစ်ပါတယ်… ဒါပေမဲ့မာဆယ်လိုက ဒီအကြံကို ငြင်းခဲ့ပါတယ်…တစ်ကိုယ်ကောင်းသမား ဆီမွန်နဲ တစ်ယောက် မာဆယ်လိုကို အတင်းအကြပ်လုပ်ခိုင်းတဲ့အချိန်မှာတော့…မာဆယ်လိုတစ်ယောက် သူ့ရဲ့Dogman ဆိုင်အရင်လို အဆင်ပြေပါတော့မလား…သူနဲ့ ဆီမွန်နဲ ပူးပေါင်းပြီး ဆိုင်ဖောက်ကြမလား….
မာဆယ်လို အရင်လို အိမ်နီးချင်းတွေရဲ့ လေးစားမှုကို ရဦးမလား စတာတွေကို ကြည့်ရှုရပါမယ်…မိတ်ဆွေစစ် မိတ်ဆွေတုက ဘယ်လိုမျိုးလဲ…Dogman ဆိုင်က လိမ္မာတဲ့ ခွေးလေးတွေအကြောင်းစတာတွေကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်…..Crd: Channel Myanmar
Related