ဂင်ဂျောင်းမီဆိုတဲ့ အမျိုးသမီးဟာ နယ်မြို့ကနေဆိုးလ်ကိုအလုပ်လာရောက်လုပ်ကိုင်နေတဲ့သူတစ်ဦးပါ။ အလုပ်ကြိုးစားသူဖြစ်ပေမယ့် အားနာပြီးကြောက်တတ်တဲ့သူဖြစ်လို့အလုပ်ခွင်မှာ လုပ်ဖော်ကိုင်ဖက်တွေရဲ့ လူလည်ကြမှုကိုလည်းအမြဲခံရလေ့ရှိပါတယ်။
အဲ့ဒီလို ကြောက်ရွံ့အားငယ်တတ်တဲ့ ဂင်ဂျောင်းမီ တစ်ယောက် သူနေထိုင်ရာတိုက်ခန်းဟာထူးဆန်းပြီးထိတ်လန့်ဖို့ကောင်းနေတယ်ဆိုတာသိလာရတဲ့အခါ ဖြေရှင်းဖို့ ကြိုးစားရပါတော့တယ်။
ဒီ Door Lock 2018 ဇာတ်ကားဟာလျှို့ဝှက်သည်းဖို ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး တစိမ့်စိမ့်နဲ့တွေးပြီးကျောစိမ့်လာစေမယ့် ဇာတ်ကားတစ်ကားပါ။
လူတိုင်းအတွက်တော့ကိုယ်နေထိုင်တဲ့ အိမ်ဆိုတာ ကိုယ့်အတွက်အကောင်းဆုံးနားခိုရာပါ။ မိဘအိမ်မဟုတ်ဘဲရပ်ဝေးမှာအလုပ်လုပ်နေရရင်တောင် ကိုယ်ငှားနေတဲ့ အဆောင်ဒါမှမဟုတ် တိုက်ခန်းဟာ တစ်နေ့တာပင်ပန်းနွမ်းနယ်သမျှကိုအတိုးချအနားယူနိုင်တဲ့ နေရာလေးပါ။
ဒါပေမယ့်အဲ့ဒီနေရာက ထူးဆန်းပြီး ကြောက်ဖို့ကောင်းနေမယ် ဆိုရင်တော့……( မိသားစုနဲ့ နေတဲ့သူတွေအတွက်တော့ မသိပေမယ့်တစ်ယောက်တည်းနေတဲ့သူတွေအတွက်ကတော့ဒီဇာတ်ကားကြည့်ပြီးရင် မအိပ်ခင် တံခါးလော့ကိုသုံးခေါက်လောက်စစ်မိကြမယ်လို့ ထင်ပါတယ်)…. Crd: Channel Myanmar
Related