ဒီကားလေးကတော့ IMDB 7.7 နဲ့ tomatoes မှာ84%တောင်ရထားတဲ့ Harry Potterထဲက ပရော်ဖက်ဆာကြီး Maggie Smithပါဝင်ထားတဲ့ ကားကောင်းလေးပါ။
Englandရဲ့ ဘုရင်နဲ့ဘုရင်မက နယ်လှည့်သွားလာရင်း ဒေါင်းတွန်ဆိုတဲ့နယ်လေးကို လာမယ်လို့ သတင်းစကားကြားလိုက်တဲ့အချိန်မှာ တစ်နယ်လုံးကလူတွေက ဂုဏ်ယူမဆုံးတွေဖြစ်ပြီး ဝမ်းသာနေကြတယ်။
အထူးသဖြင့် လာလည်ရင်းတည်းမယ့် ဒေါင်းတွန်ရဲ့မြို့စားအိမ်က အလုပ်သမားတွေက ဘုရင်နဲ့ဘုရင်မကို အနီးကပ်တွေ့ခွင့်ရပြီး အလုပ်အကျွေးပြုရတော့မယ်လို့တွေးရင်း စိတ်တွေလှုပ်ရှားနေခဲ့ကြတယ်။
ဒါပေမယ့် သူတို့မျှော်လင့်ထားသလိုမဟုတ်ပဲ ဘုရင်နဲ့ဘုရင်မအတွက် နန်းတော်ကအစေခံတွေ အိမ်တော်ထိန်းတွေ စားဖိုမှူးတွေအကုန်လာပြီး သူတို့အိမ်မှာ ချယ်လှယ်ကြမှာကို သိလိုက်ရတဲ့အခါမှာ သူတို့တွေဘယ်လိုတုန့်ပြန်မလဲ၊ ဘယ်လိုနည်းလမ်းနဲ့ ဘုရင်နဲ့ဘုရင်မကိုဧည့်ခံကြမလဲ၊ အဲ့ဒါအပြင် ဒေါင်းတွန်ကိုအုပ်စိုးနေတဲ့မိသားစုရဲ့ အဖွားကြီးနဲ့ မိသားစုထဲကနေခွဲထွက်သွားတဲ့ ဘုရင်မနားက အထိန်းတော်နဲ့လည်း အမွေကိစ္စပြဿနာတွေရှိတာကို ဘယ်လိုရှင်းမလဲ၊ မိသားစုထဲမှာလည်း တစ်ယောက်တစ်မျိုးမရိုးတဲ့ ဇာတ်လမ်းလေးတွေက ဘာတွေဖြစ်မလဲ၊
ကွန်မြူနစ်ဝါဒီတွေနဲ့ ဘုရင်ကိုလုပ်ကြံမယ့် သူပေါ်လာတဲ့အခါမှာရော ဇာတ်လမ်းက ဇာတ်ကောင်တွေများစွာပါဝင်ပြီးတော့ မရိုးရအောင်ဟာသတွေပါ ပါဝင်တဲ့ မိသားစုဟာသဇာတ်လမ်းလေးမို့ စိတ်ဝင်တစားကြည့်လို့ကောင်းမယ့် ဇာတ်လမ်းလေးပါ……Crd: Channel Myanmar
Related