Chinese All Time Box Office မှာ 3.097 billion ဝင်ငွေရရှိထားပြီး နံပါတ် ၅ ချိတ်ထားတဲ့ဇာတ်ကားလေးဖြစ်တဲ့ Dying To Survive ကိုတင်ဆက်ပေးလိုက်ပါတယ်။ IMDb Rate ကလည်း 8.1 ပဲဖြစ်ပါတယ်။ ကောင်းလားမကောင်းလားဆိုတာတော့ သိပ်ပြောနေစရာတောင်မလိုပါဘူး။
ဇာတ်လမ်းအကျဉ်းကတော့ တိုင်းပြည်ထဲမှာCMLရောဂါသည်တွေအများအပြားရှိနေပါတယ်။ CMLလူနာတွေဟာ Glinic ဆိုတဲ့ဆေးကိုအမြဲမပြတ်သုံးစွဲနေရမယ့်သူတွေပါ။
တရားဝင်Glinicဆေးတွေဟာဈေးနှုန်းမြင့်မားလွန်းတဲ့အတွက်သာမန်လူတွေအဖို့လက်လှမ်းမမှီနိုင်ဖြစ်ရပြီးဆေးမရပဲသေဖို့စောင့်နေသူတွေများလာပါတယ်။
ဒီအချိန်မှာပဲ အိန္ဒိယက copyယူပြီးထုတ်ထားတဲ့ Glinicဟာဈေးနှုန်းအားဖြင့်အရမ်းနည်းနေပြီး အာနိသင်တူနေတာကိုCML လူနာတစ်ယောက်ကသတိထားမိလာပါတယ်။
ဒါပေမယ့်အိန္ဒိယGlinicဟာတားမြစ်ဆေးအဖြစ်သတ်မှတ်ခံထားရပါတယ်။ ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာ ဆက်လက်ကြည့်ရှုခံစားပါ….Crd: Channel Myanmar
Related