ဒီတစ်ခေါက်အသစ်ထွက်ရှိလာတဲ့ကားလေးကတော့Mystery,Thriller အမျိုးအစားကားသစ်လေးပါ။
ဇာတ်လမ်းလေးနာမည်ကတော့ Earthquake Bird(2019)ပါ။ရင်တဖိုဖို အားမလိုအားမရခံစားချက်တွေကို ပေးစွမ်းနိုင်တဲ့ ဒီကားလေးကတော့ ပရိတ်သတ်ကြီး အကြိုက်ဖြစ်မယ်လို့လဲ မျှော်လင့်မိပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကိုလဲ အနည်းငယ်တင်ပြလိုပါသေးတယ်။ ဇာတ်လမ်းကတော့ လီလီဆိုတဲ့ ကောင်မလေးတစ်ယောက်ပျောက်နေရာကနေ စတာပါပဲ။
လီလီရဲ့အသိမိတ်တွေ လူဝီဆာဆိုတဲ့ ကောင်မလေးကို ရဲတွေက စစ်ဆေးမေးမြန်းရင်းနဲ့ အရင်အတိတ်ဇာတ်ကြောင်းတွေဆီပြန်သွားပါတယ်။
လူဝီဆာဆိုတဲ့ကောင်မလေးက အေးအေးဆေးဆေ းတိတ်တိတ်ဆိတ်ဆိတ် နေတတ်တဲ့ ဆွီဒင်နိုင်ငံသူလေးပါ။ ဂျပန်မှာစကားပြန်အလုပ်လုပ်ကိုင်ရင်း ထဲဂျီဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ တွေ့ခဲ့ပါတော့တယ်။
ထဲဂျီနဲ့တွေ့ပြီးတဲ့နောက် လူဝီဆာတစ်ယောက် ဘယ်လိုတွေပြောင်းလဲလာမလဲ? လီလီကရော ဘာလို့ပျောက်ဆုံးသွားတာလဲ? ဘယ်သူ့လက်ချက်လဲ? စတဲ့မေးခွန်းတွေကို တစ်လွှာချင်းခွာချရင်း စိတ်ဝင်တစားကြည့်ရှုရမယ့်ကားလေးပါ……Crd: Channel Myanmar
Related