ပရိတ်သတ် တွေအတွက် ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ Exit ဆိုတဲ့ကိုရီးယား ရုပ်ရှင်ဇာတ်လမ်း ကို တင်ဆက်ပေးလိုက်ပါပြီ။
ဇာတ်လမ်းပုံစံကတော့….
ယောင်နမ် ဆိုတဲ့ အသက်လတ်ပိုင်း အရွယ် လူပျိုကြီးဖြစ်ခါစတောင်တက်သမားဟောင်း ကနေ ဇာတ်လမ်းစရမှာပဲ…
အားကစားအလုပ်ကိုသာ စွဲမြဲ လုပ်ပြီး ဘယ်ကောင်မလေးကမှလဲမကြိုက် အလုပ်လဲ မယ်မယ်ရရ မရှိ အင်တာဗျူးတိုင်း မအောင် စိတ်ဓါတ်မကျအောင်နေပြီးအိမ်က အဖေ နဲ့ အမေ ဆီ ကပ်စားနေတဲ့ သူ တစ်ယောက်ပေါ့ …
ယောင်နမ် မှာ အစ်မ တွေ ရှိပြီး အကုန်အိမ်ထောင်ကျကုန်ပေမဲ့ယောင်နမ် တစ်ယောက်သာ ဂေါ်မစွံ လူပျိုကြီး လုပ်နေပြီးအိမ်ကနေ မခွာနိုင် ဖြစ်နေခဲ့တာပါ….
တစ်ရက်မှာတော့ ယောင်နမ်တို့ အမေ ရဲ့ မွေးနေ့ အဖြစ်ဟိုတယ် တစ်ခုမှာ အခန်းငှားပြီး မွေးနေ့ ပါတီ ကျင်းပကြပါတယ်…
အဲ့ဒီမှာ အလုပ်လုပ်နေတဲ့ အူဂျူ ဆိုတဲ့ ယောင်နမ် နဲ့ အရင်ကတောင်တက် လေ့ကျင့်နေကြ ကောင်မလေး နဲ့ ပြန်ဆုံပါလေရော…
ပျော်ရမယ် မကြံရသေးပါဘူး…ယောင်နမ်တို့ ပါတီလုပ်နေတဲ့ နေရာနားမှာပဲ လူလုပ်တဲ့သဘာဝ ဘေး တစ်ခု ကျရောက်လာပါတော့တယ်…ယောင်နမ် နှင့် မိသားစု အားလုံး အထဲမှာ ပိတ်မိနေပြီးမိသားစု တွေကို ဘေးကင်းရာ ပို့ဖို့ နဲ့ အသက်ဆက်ရှင်ဖို့စီစဉ်ရသော အခါတွင်…..
ဒီရုပ်ရှင်ကားဟာ စ လယ် ဆုံး အသက်ရှုဖို့ မေ့ရလောက်တဲ့အထိအခန်းတွေ ပါဝင်ပြီး ကြည့်ရှုသူကို စိတ်အကျေနပ်ဆုံး ပေးစွမ်းနိုင်မှာပါ…Crd: Channel Myanmar
Related