Menu

  • Home
  • Trending
  • Latest

Categories

  • Action
  • Adult
  • Adventure
  • Anime
  • Asian
  • Biography
  • Bollywood
  • Comedy
  • Country
  • Crime
  • Documentry
  • Drama
  • Family
  • Fantasy
  • History
  • Horror
  • Martial
  • Movies
  • Music
  • Mystery
  • Romance
  • Sci-Fi
  • Sport
  • Thriller
  • Uncategorized
  • War
  • Western

Recent News

  • Angry Bird 2 (2019 )
  • Almost Human (2020)
  • Super Express(2016)
Happybox
  • Home
  • Action
  • Adventure
  • Anime
  • Biography
  • Bollywood
  • Comedy
  • Crime
  • Drama
  • Family
  • History
  • Horror
  • Myanmar
  • Romance
  • Sci-Fi
  • Thriller
  • War
No Result
View All Result
  • Login
UPLOAD
Happybox
No Result
View All Result
Home Movies Biography
Extremely Wicked, Shockingly Evil and Vile (2019)

Extremely Wicked, Shockingly Evil and Vile (2019)

happy box by happy box
June 19, 2020
in Biography, Crime, Drama
0 0
0
0
SHARES
5
VIEWS
Share on FacebookShare on Twitter
အမေရိက သမိုင်းရဲ့ အချောဆုံး အခန့်ညားဆုံး လူသတ်ကောင် . .(သို့မဟုတ်) Ted Bundy ဆိုတဲ့ စိတ္တဇ လူသတ်သမားတစ်ယောက်ရဲ့ အကြောင်း . .A review by Min Thu Kyaw _________________ ဖြစ်ရပ်မှန် အဖြစ်အပျက်ပါ။ _________________၁၉၇၀ ဝန်းကျင်တုန်းက အမေရိက မှာ Ted Bundy ဆိုတဲ့ လူတစ်ယောက် ရှိဖူးခဲ့တယ်။ သူက ရုပ်ချောတယ်။ တဖက်သားကို အရမ်း လွှမ်းမိုးနိုင်တယ်။ သူ့ကိုမြင်တဲ့ ကောင်မလေးတိုင်း တဖြုတ်ဖြုတ် ကြွေကြတယ်။ စကားပြောညက်တယ်။ လူကြီးလူကောင်း ပီပီသသ နဲ့ တကယ့် ယောကျာ်းဖြောင့်ကြီး တစ်ယောက်လို နေတတ်တယ်။ ဒါပေမယ့် သူက လူ သတ်သမား တဲ့။ သတ်တာမှ ကောင်မလေးတွေ အမျိုးသမီးတွေကို သတ်တာ။ ပိုးစိုးပက်စက် ကို သတ်တာ။ လွှနဲ့ ခေါင်းဖြတ်သတ်တယ်။ မျက်နှာတစ်ခုလုံး ကြေမွသွားအောင် တုတ်နဲ့ ရိုက်တယ်။ မုဒိန်းကျင့်တယ်။ ဘာအကြောင်းမှ မရှိပဲကို သတ်တဲ့ စိတ်ရောဂါရှင်ဆန်ဆန် sociopath လူသတ်သမားကြီး။ နောက်တော့ အဖမ်းခံရတယ်။ ရုံးတင် စစ်တာ ခံရတယ်။ Ted Bundy ဟာ ဥပဒေ ကျောင်းသားလည်း ဖြစ်နေပါသေးတယ်။ ဒါကြောင့် သူ့အမှုကို သူကိုယ်တိုင် ရှေ့နေအဖြစ် ကိုင်တွယ်တယ်။ သူ အမှု မကျူးလွန်ကြောင်း ငြင်းဆိုတယ်။ တဖြည်းဖြည်းနဲ့ သူ့ အမှု တွေက နာမည်ကြီးလာပြီး အမေရိက သမိုင်းမှာ ပထမဆုံး ရုပ်သံ Live ထုတ်လွှင့်ခြင်းခံရတဲ့ အမှုသည် ဖြစ်လာတယ်။ သူ့ကို ရုံးထုတ် စစ်ဆေးပြီဆိုရင် ကောင်မလေးတွေ အများကြီး လာ နားထောင်ကြတယ်။ တရားသူကြီးရှေ့မှာ သူ ပြောသမျှ ဟုတ်ဟုတ် မဟုတ်ဟုတ် ယုံကြတယ်။ မင်းသားတစ်ယောက်ရဲ့ ရိုက်ကွင်းကို လာအားပေးသလိုမျိုး သူ့ကို လာအားပေးကြတယ်။ ဒီလိုနဲ့ ငြင်းလိုက်ခုံလိုက် ပယ်ချလိုက် ကာကွယ်လိုက် နဲ့ ဆယ်နှစ်ကျော်ကြာအောင် အမှု ရှည်ကြီးကို Ted Bundy တစ်ယောက် ဖြတ်သန်းပြီးချိန်မှာတော့ . . . . .____________ ဒီ ရုပ်ရှင်က ကျွန်တော် ပြောခဲ့သလိုပဲ ဖြစ်ရပ်မှန် ပါ။ Ted Bundy ဆိုတဲ့ တစ်ကယ်ရှိခဲ့တဲ့ လူတစ်ယောက် အကြောင်းကို ပြန်ရိုက်ထားတဲ့ ရုပ်ရှင်။ Ted ရဲ့ character ကို ကျွန်တော် documentary တွေ သတင်းဟောင်းတွေ ဓာတ်ပုံတွေကနေတစ်ဆင့် အနည်းငယ် တီးခေါက်ကြည့်လိုက်တော့ ဒီ ရုပ်ရှင်ထဲမှာ ဖော်ပြထားတဲ့ Ted အတိုင်းပါပဲ။ တကယ့်အပြင်က Ted ကလည်း ကိုယ့်ကိုယ် ယုံကြည်မှု အပြည့်ရှိတယ်။ သူ အပြစ်ကင်းကြောင်းကို ပြုံးပြီး သတ္တိရှိရှိ အမြဲပြောတယ်။ တစ်ခါ နှစ်ခါတည်း စကားပြောကြည့်ရင် အင်မတန် ချစ်တတ်ပြီး နူးညံ့သိမ်မွေ့ပြီး အားကိုးချင်စရာကောင်းတဲ့ ယောကျာ်းကောင်းတစ်ယောက် ရဲ့ အသွင်အပြင်ကို မြင်ရမယ်။ စကားပြောကောင်းတယ်။ အရမ်းတော်တယ်။ အဝတ်အစား ဝတ်စားတာကအစ မင်းသားရှုံးတယ်။ ပျင်းစရာကောင်းတဲ့ တရားခွင်ထဲကို ကောင်မလေး ချောချောလေးတွေ အများကြီး လာထိုင် နားထောင်ရင်း သူ့ကို ငေးကြည့်ရသည်အထိ ဆွဲဆောင်မှု ရှိတယ်။ တစ်ဖက်မှာတော့ အမျိုုးသမီးတွေကို မညာမတာ ရက်ရက်စက်စက် နည်းလမ်းတွေနဲ့ လူမသိ သူမသိ သတ်ဖြတ်လေ့ရှိတဲ့ လူသတ်သမားကြီး။ အဲ့ဒီ ၁၉၇၀ – ၁၉၈၀ ဝန်းကျင်တုန်းက လူသတ်သမားတွေ အများကြီးထဲမှာမှ တော်တော် သောင်းကျန်းပြီး ကြောက်ဖို့ကောင်းတဲ့ လူသတ်သမား။ FBI က အလိုချင်ဆုံး ရာဇဝတ်သား ၁၀ ယောက် ထဲ မှာ ပါတယ်။ တစ်ခုတော့ ရှိတယ်။ Ted ဘဝမှာ ဘယ်တော့မှ မသတ်ရက်ခဲ့တဲ့ သိပ်ချစ်ရတဲ့ အမျိုးသမီး တစ်ယောက် ရှိတယ်။ သူ့နာမည်က Liz တဲ့။ ဒီဇာတ်လမ်းတစ်ခုလုံးရဲ့ အသက်သွေးကြောက Ted ရဲ့ ဘဝ ဆိုရင် Ted နဲ့ Liz ရဲ့ အချစ်ဇာတ်လမ်းဟာ ဒီဇာတ်လမ်းရဲ့ နှလုံးသားပဲ။ သိပ် ရက်စက်တဲ့ လူသတ်သမားကြီးဆီမှာ သိပ်ချစ်ရတဲ့ ချစ်သူ တစ်ယောက် ရှိခဲ့တယ်။ Ted Bundy အဖြစ် သရုပ်ဆောင်တဲ့သူကတော့ Zac Efron ပါ။ Zac ကို သိတဲ့သူတွေ သိကြပါတယ်။ ဒီ နိုင်ငံက ပရိတ်သတ်တွေနဲ့လည်း သိပ် မစိမ်းပါဘူး။ အထူးသဖြင့် comedy films တွေမှာ တွေ့ရတယ်။ တစ်ခါတစ်လေ romance films တွေမှာ တွေ့ရတယ်။ သူ့ acting က တခြား ဟောလီးဝုတ်မင်းသားတွေနဲ့ယှဉ်ရင် ရုပ်ရှင်ကြည့် ပရိတ်သတ်တွေရဲ့ ရင်ထဲ သိပ်မရောက်ခဲ့ဘူး။ သူ့ character တွေကလည်း သိပ်ပြီး strong မဖြစ်ခဲ့ဘူး။ ဒါပေမယ့် ဒီကားမှာတော့ Ted Bundy အဖြစ် Zac ဟာ အပြည့်အဝ စိတ်နှစ်ကိုယ်နှစ် သရုပ်ဆောင်သွားနိုင်ခဲ့ပါပြီ။ Zac ဟာ သူ့ အရည်အချင်းကို အားလုံး အံ့သြသွားတဲ့အထိ ပြနိုင်ခဲ့ပါပြီ။ ဒီကားကို ကြည့်ပြီးချိန်မှာတော့ ရုပ်ရှင်ဝေဖန်ရေးဆရာများ Zac ကို ချီးကျုးကြတယ်။ 2020 ရဲ့ Oscar ဇကာတင်တောင် ဝင်သွားနိုင်ကြောင်း ကောင်းချီးပေးကြတယ်။ တကယ်ပဲ Zac ရဲ့ သရုပ်ဆောင်မှုတွေက အရမ်း ခွန်အားရှိပြီး သူ ဘယ်လောက် ပြင်ဆင်ကြိုးစားထားတယ်ဆိုတာ ရုပ်ရှင်ကြည့်သူတွေ မြင်နိုင်ပါတယ်။ တခြား supporting actors များ ဖြစ်ကြတဲ့ Lily Collins တို့ Kaya Scoelario တို့ Jim Persons တို့လည်း Zac ကို အကောင်းဆုံး ဝိုင်းပံ့ပိုးပေးနိုင်တယ်။ Biopic ဖြစ်တဲ့အလျောက် character များက လက်တွေ့ကျတယ်။ ခိုင်မာတယ်။ Lily Collins က Ted သိပ်ချစ်ရတဲ့ Liz အဖြစ် သရုပ်ဆောင်ထားတယ်။ ဒီဇာတ်လမ်းဟာဆိုရင် ဇာတ်လမ်းအညွှန်းပိုင်းလည်းပြောစရာမလိုအောင် ကောင်းတဲ့ အပြင် Editing ပိုင်းလည်းကောင်းလွန်းတာမို့ ဆက်ဆက်ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးတစ်ခုပါ……Crd: Channel Myanmar

Share this:

  • Twitter
  • Facebook

Related

Previous Post

Captive State (2019)

Next Post

Avengement (2019)

Next Post
Avengement (2019)

Avengement (2019)

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Angry Bird 2 (2019 )

Angry Bird 2 (2019 )

46 Views
December 17, 2020
Almost Human (2020)

Almost Human (2020)

321 Views
September 10, 2020
Super Express(2016)

Super Express(2016)

158 Views
September 9, 2020

Copyright (c) 2019 by Jegtheme.

  • Activity
  • Home
  • Latest
  • Members
  • Trending
No Result
View All Result
  • Home
  • Movies
    • Action
    • Adventure
    • Anime
    • Biography
    • Bollywood
    • Comedy
    • Crime
    • Drama
    • Family
    • History
    • Horror
    • Myanmar
    • Romance
    • Sci-Fi
    • Thriller
    • War

© 2020 Happybox.

Welcome Back!

Sign In with Facebook
OR

Login to your account below

Forgotten Password?

Create New Account!

Sign Up with Facebook
OR

Fill the forms below to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist