ဒီကားလေးဟာ Imdb7.1ရရှိထားပြီး box office worldwide grossမှာ $1265940ထိ ဝင်ငွေရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းက တော့ သူမအဖေရဲ့ဈာပနမှာ သူမငယ်ငယ်တည်းကသိထားခဲ့တဲ့ အဖေတူအမေကွဲ ညီမနှစ်ယောက်နဲ့ ဆုံဆည်းခွင့်ရတဲ့အခါ…
သူမချစ်သူနဲ့ အဆင်မပြေဖြစ်နေတဲ့အပြင် ဟော့ပေါ့ဆိုင်ကို လက်လွှဲယူဖို့ဖြစ်လာတဲ့အခါ…
သူတို့သားအဖကြားမှာ အတိတ်ကအထင်လွဲမှားမှုတွေ…
နားမလည်ပေးနိုင်မှုတွေအများကြီးရှိနေတာကိုသိမြင်လိုက်ရပါတယ်….
ဇာတ်လမ်းတစ်ခုလုံးအနေနဲ့ ဘဝမှာ ကိုယ်တန်ဖိုးထားတဲ့သူတွေကို စိတ်ထဲကပေးဆပ်နေရုံနဲ့မပြီးပဲ သေချာထုတ်ဖော်ပြသဖို့လိုအပ်ပါတယ်…
ကိုယ့်ရဲ့ဂရုစိုက်မှုတွေကို မှန်ကန်စွာဖော်ပြတတ်ဖို့လိုအပ်ပြီး ပျော်ရွှင်မှုတွေရယူနိုင်ဖို့နဲ့ မရှိတော့မှ နောင်တရရင်နောက်ကျသွားမယ်ဆိုတဲ့အသိလေးကိုမီးမောင်းထိုးပြနေတာပါ….Crd: Channel Myanmar
Related