NetFlix ရုပ်သံလိုင်းကနေ ပြသထားတဲ့ Family Blood ဆိုတဲ့ Horror ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။
Horror ထုံးစံ ကြိုက်နှစ်သက်တဲ့သူနည်းတာကြောင့် Rating ကတော့ မကောင်းပါဘူး။
ဒီကားလေးကတော့ လူ့စိတ်ရဲ့ ဆန်းကြယ်မှုနဲ့ ဆေးစွဲတဲ့သူတစ်ယောက်ရဲ့ ဘဝအကြောင်းကို ရိုက်ကူးပြထားတာဖြစ်ပါတယ်။
ဇာတ်လမ်းလေးကတော့ အယ်လီဟာ ဆေးစွဲနေတဲ့ သူတစ်ယောက်ဖြစ်ပြီး သူ့မှာ သားဆယ်ကျော်သက်သားတစ်ယောက် နဲ့ သမီးတစ်ယောက်ရှိပါတယ်။
အယ်လီတစ်ယောက် ဆေးသမားဘဝနဲ့ နောင်တရပြီး ဆေးဖြတ်ဖို့ကြိုးစားပြီးပတ်ဝန်းကျင်အသစ်တစ်ခုမှာ သွားအချေချဖို့ လုပ်ပါတယ်။
ပတ်ဝန်းကျင်အသစ်မှာ တည်ငြိမ်နေတဲ့ အယ်လီတို့ ဘဝထဲကို ဝင်လာတာကတော့ခရစ္စတိုဖာ ဆိုတဲ့ လူတစ်ယောက်ပါ။
ခရစ္စတိုဖာက အယ်လီ ကို ဘယ်လိုတွေမြူဆွယ်လိုက်လဲတော့မသိပါဘူး အယ်လီတစ်ယောက် ခရစ္စတိုဖာ နဲ့ ဆုံပြီးတဲ့အခါမှာ တခြားတစ်စိမ်းတစ်ယောက်လိုပြောင်းလဲသွားပြီး သူ့သားနဲ့ သမီး ကိုပါ အန္တရာယ်ပေးဖို့ကြိုးစားလာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ကြရမှာပါ။
အဲ့ထဲမှာ ပြောသွားတဲ့ စကားလေးတစ်ခွန်းကတော့ ” မေမေ လူသတ်ခဲ့တာလားတဲ့ ”………….Credit: Channel Myanmar
Related