Final Score(2018) ကတော့ Action ဇာတ်ကားတစ်ကားပါပဲ။ အရမ်းကြီးထူးခြားကောင်းမွန်နေတာမျိုး မဟုတ်ပေမယ့် အက်ရှင်ပရိသတ်တွေကတော့ ကြိုက်ကြမှာပါ။ IMDB Rating 5.5 သာရရှိထားပေမယ့် Rotten tomato 77% ရရှိထားပါတယ်။
WWE ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ Dave Bautista က အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ထားပြီး နာမည်ကြီး Bond မင်းသား Pierce Brosnan ကလည်း ပါဝင်အားဖြည့်ထားပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့ ညီအစ်ကိုလိုချစ်ခင်ရတဲ့ ရဲဖော်ရဲဖက်တစ်ယောက် ဆုံးရှုံးသွားရတဲ့ Michael Knox တစ်ယောက် သူ့သူငယ်ချင်းရဲ့ မိသားစုဆီ သွားလည်ရာကနေ သူ့သူငယ်ချင်း သမီးဖြစ်တဲ့ Danni ကို ဘောလုံးပွဲသွားကြည့်ဖို့ ခေါ်သွားပါတယ်။
ဘောလုံးကွင်းမှာ တူမပျောက်ရှာရာကနေ ဘောလုံးကွင်းကိုဖောက်ခွဲဖို့ကြိုးစားတဲ့ အကြမ်းဖက်အဖွဲ့တစ်ဖွဲ့နဲ့ တွေ့မိသွားပါတယ်။
Konx ရဲ့ အကြမ်းဖက်သမားတွေ ကိုဘယ်လိုအကူအညီတွေယူပီး ဘယ်လိုမျိုးတားဆီးမလည်း ဆိုတာကြည့်လိုက်ကြပါဦးဗျာ….. Credit: Channel Myanmar
Related