သင်တို့အရမ်းကို ကမ္ဘာပျက်မတတ်ခံစားကြမှာလား…သိပ်ကိုခံစားကြမယ်ထင်ပါတယ်…ဘာလို့လဲဆိုတော့ သင်တို့ချစ်ရဲ့ချစ်သူကောင်လေးတွေ ကောင်မလေးတွေရဲ့အနားမှာ သင်တို့သိပ်ကိုနေချင်ကြတာကိုး…ဒါပေမယ့် ဒီကားထဲကကောင်လေးနဲ့ ကောင်မလေး နှစ်ယောက်လိုအဖြစ်မျိုးဆိုရင်တော့ သင်တို့ဘယ်လိုမှ ခံစားနိုင်မှာမဟုတ်လောက်ပါဘူး….သူတို့လောက်လည်း ချစ်နိုင်မယ်မထင်ပါဘူး…ကားလေးကတော့ ရိုးရိုးလေးနဲ့ ဆယ်ကျော်သက်အရွယ် ရောဂါသည်လူနာလေးနှစ်ယောက်ရဲ့ သနားစရာအချစ်ပုံပြင်လေးကို ဇာတ်အိမ်တည်ထားတာပါ….Rating 7.1 အထိရရှိထားတဲ့ ဒီကားလေးထဲမှာတော့riverdaleရဲ့ မင်းသားချောလေး cole sprouseပါဝင်သရုပ်ဆောင်ထားပါတယ်…cystic fibrosisလို့ခေါ်တဲ့ မွေးရာပါမျိုးရိုးဗီဇအရ ရောဂါရှိတဲ့သူတွေအကြောင်းကိုဒရမ်မာဆန်ဆန် ရိုမန်တစ်ဆန်ဆန် ရိုက်ကူးထားတာပါ…. ရောဂါရှိတဲ့သူတွေအချင်းချင်း အနားကပ်ထိတွေ့မိရင် ရောဂါပိုဆိုးရွားလာနိုင်တာကြောင့် တစ်ယောက်နဲ့တစ်ယောက် ခြောက်ပေအကွာမှာနေရမယ်ဆိုတဲ့စည်းမျဉ်းကြီးတစ်ခုရှိပါတယ်…(ကားနာမည်ကဘာလို့five feet apartလည်းဆိုတာတော့ဇာတ်လမ်းထဲမှာ ကြည့်ကြည့်လိုက်ပါနော်?) ရောဂါရှိတဲ့သူနှစ်ယောက် ဆေးရုံတစ်ရုံထဲမှာတွေ့ပြီး တစ်ယောက်နဲ့တစ်ယောက် ချစ်မိသွားတဲ့အခါ… ကိုယ်ချစ်ရတဲ့သူကိုထိတွေ့ဖို့မပြောနဲ့ အနားတောင်ကပ်ခွင့်မရှိတဲ့သူတို့ဘဝလေးနှစ်ခုနောက်ဆုံးမှာ အဆုတ်အစားထိုးကုသခွင့်ကို ကောင်မလေးကရလာတဲ့အခါမှာ… ကောင်လေးကိုအသက်တမျှချစ်တဲ့ကောင်မလေး ဘာတွေလုပ်မလဲ…ကောင်လေးကရော အသက်ရှင်နိုင်မလားဆိုတာတွေကို တဝကြီးငိုပြီးကြည့်ရမှာပါ … ဒီကားလေးကိုကြည့်ပြီး သင်တို့လည်းသင်တို့ချစ်သူတွေကို ၆ ပေအကွာမပြောနဲ့ ၁ ပေအကွာမှာတောင်နေလို့ရလား ….သူပျော်နေတာလေးကိုပဲ အဝေးကြီးကနေ ကြည့်နေနိုင်လား…တကယ်လို့ အဲလိုမနေနိုင်ဘူးဆိုရင် အနားမှာရှိတဲ့ချစ်သူကို ချစ်နိုင်တုန်းရတဲ့ အချိန်လေးမှာ ချစ်ကြပါ…ဒီကားလေးကြည့်ပြီး ချစ်တဲ့လူတိုင်းခံစားနိုင်ကြပါစေ…..Crd: Channel Myanmar
Related