လူတိုင်းက ကိုယ့်ရဲ့ မွေးနေ့ကို ကိုယ်ချစ်တဲ့ သူတွေနဲ့ ဖြတ်သန်းချင်ကြတယ် မဟုတ်လား။ ဒါ့အပြင် မွေးနေ့ကို အထူးခြားဆုံး အကောင်းဆုံး ဖြစ်ဖို့ ပါတီပွဲတွေ ခရီးတွေလဲ စီစဥ်ကြပါတယ်။
မြန်မာနိုင်ငံမှာ အခုဆို ကလောလို အထင်ကရနေရာမျိုးမှာ ဒေသခံအိမ်တွေကို တည်းခိုအိမ်အဖြစ် ပြင်ဆင်ပြီး ခရီးသွားလုပ်ငန်းရဲ့ တစ်ထောင့်တစ်နေရာမှာ ပါဝင်လာကြပါတယ်။
ဟိုတယ်နဲ့ မတူတဲ့ အတွေ့အကြုံ ခံစားချက်အသစ်တွေ ရတဲ့အပြင် လည်ပတ်တဲ့ မြို့လေးကို မတူတဲ့ ရှုထောင့်ကနေ ကြည့်မြင်နိုင်ပါတယ်။
ဒီဇာတ်လမ်းလေးထဲက ဒေသခံတွေနဲ့ မြန်မာနိုင်ငံရဲ့ ယဥ်ကျေးပျူငှာလွန်းပြီး ဧည့်ဝတ်ကျေတဲ့ ဒေသခံတွေကို မနှိုင်းယှဥ်စေချင်လို့ စာနည်းနည်းရှည်သွားရတာပါ။
ဇာတ်လမ်းအကျဥ်းကတော့ ဝင်စတန်က သူငယ်ချင်း၅ယောက် အတူမဆုံတာ နှစ်၂၀ရှိပြီမို့လို့ သူ့မွေးနေ့ကို အကြောင်းပြပြီး အားလပ်ရက်ခရီးလေးတစ်ခု စီစဥ်လိုက်တယ်။
နှစ်၂၀ကြာမှ ဆုံကြတာမို့ သိပ်ကို စိတ်လှုပ်ရှားနေတာက ဝင်စတန်တစ်ယောက်တည်းဖြစ်နေခဲ့တာကတော့ စိတ်မကောင်းစရာပါပဲ။
အသဲကွဲတဲ့သူ သေကြောင်းကြံတဲ့သူ အလုပ်ပြုတ်တဲ့သူ ဆေးသမား ပုံစံစုံပါတဲ့အပြင် ဖိတ်တဲ့သူရော မဖိတ်တဲ့သူပါ အစုံပါတဲ့ ဒီပွဲလေးက တကယ်ရော ပျော်ရပါ့မလား။
လူတိုင်းမှာ မထုတ်ပြချင်တဲ့ လျှို့ဝှက်ချက်တွေရှိပြီး မဖြစ်မနေ ထုတ်ပြရတဲ့အခါ ဘယ်လိုတွေ ဖြစ်သွားနိုင်လဲ။
ထူးခြားချင်လို့ ဒေသခံ တည်းခိုအိမ် ကိုငှားမိတဲ့ ထူးခြားမှုတွေနဲ့ တစ်သက်တာလုံး မေ့မရတဲ့ မွေးနေ့ ဖြစ်မှာ အသေအချာပါပဲ…… Credit: Channel Myanmar
Related