ရှင်းနိုချီရို ကီရာမတစ်ယောက် ငယ်စဉ်တည်းက လေယာဉ်ပျက်ကျရာကနေ လွတ်မြောက်လာပြီးတဲ့နောက် မိဘမဲ့တစ်ကောင်ကြွက်အဖြစ် ဘဝကိုရပ်တည်လာရင်းနဲ့ သေဘေးကနေလွတ်မြောက်လာရာကနေ အစွမ်းတစ်ခုကို ပိုင်ဆိုင်လာခဲ့တယ်။
အဲ့အစွမ်းက သေဆုံးတော့မယ့် လူတွေကိုဖောက်ထွင်းမြင်ရတာပါဘဲ။
အဲ့အစွမ်းကြောင့်ဘဲ သူချစ်တဲ့ အာအိုအီဆိုတဲ့ကောင်မလေးကိုတွေ့ဆုံခဲ့တဲ့အခါ သူတို့၂ယောက်ရဲ့ အချစ်ရေးကရော ဖြောင့်ဖြူးသာယာနိုင်ပါ့မလား။
လောကကြီးမှာ ဘယ်အရာမှအလကားမရဘူးဆိုတဲ့သဘောအရ သူ့ရဲ့အစွမ်းအတွက် ဘာတွေပြန်ပေးဆပ်ရပါမလဲ။
အချစ်ဆိုတာ ပေးဆပ်ချင်းတစ်ခုလား ရယူခြင်းလား ဘယ်လိုပုံဖော်ထားလဲဆိုတာ ဒီကားထဲမှာ သေချာလေးပုံဖော်ထားပါတယ်။
Supernatural ကိုမှ drama ဘက်ကိုသွားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။
ကြည့်ရှုသူတွေ နောင်တမရစေမယ့်ကားဖြစ်တာကြောင့် ဆက်ဆက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါရစေနော်……Crd: Channel Myanmar
Related