အိန္ဒိယကားကောင်းကောင်းလေးတွေ တောင်းတနေတဲ့ ပရိသတ်တွေအတွက် အလန်းစား တောင်ပိုင်းကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။
Hello (2017), Hello Guru Prema Kosame (2018) တို့လို Drama, Romance ကားကောင်းတစ်ကားဆိုလည်း မမှားပါဘူး။
မင်းသားကလည်း Taxiwaala ထဲကမင်းသားချော Vijay Deverakona ပဲဖြစ်ပါတယ်။ ကြည့်ဖူးနေကျ တောင်ပိုင်းကားတွေလိုမဟုတ်ဘဲ အိုဗာအက်တင်တွေ လုံးဝကင်းတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။
ဇာတ်လမ်းလေးကတော့ ငယ်ငယ်ကတည်းက မိခင်ဆုံးပါးသွားလို့ အဖေတစ်ယောက်တည်းရဲ့ အုပ်ထိန်းမှုဖြင့်ကြီးပင်းခဲ့တဲ့ ဗီဂျေး အသက်ရွယ် ၂၅ နှစ်အရွယ်လူပျိုတစ်ယောက် မိန်းကလေးတွေနဲ့ပက်သက်ရင် ဘာအတွေ့အကြုံမှမရှိဘဲ ရည်းစားရဖို့နေနေသာသာ မိန်းကလေးတစ်ယောက်ကိုတောင် မပိုးမပမ်းတတ်သူတခြားသူတွေနဲ့မတူဘဲ အိမ်ထောင်ရေးနဲ့ပတ်သတ်လို့အချစ်ရေးနဲ့ပက်သက်လို့ ဇနီးမယားဆိုတဲ့အရာနဲ့ပက်သက်လို့ စိတ်ကူးယဉ်ဆန်လွန်းသူ။
ငါသာ ရည်းစားထားရင် ဘယ်မိန်းကလေးမျိုးနဲ့မှ၊ အိမ်ထောင်ပြုရင် ဘယ်လိုမိန်းကလေးကိုပဲ အိမ်ထောင်ပြုမှာ စဖြင့်ရှေးဆန်တဲ့အတွေးအခေါ်တွေ တပြုံတပိုက်နဲ့ဘယ်လောက်ထိ မိန်းကလေးတွေနဲ့ပတ်သတ်ပြီး အတွေ့ကြုံနည်းလဲဆိုရင် စိတ်ဝင်စားလို့ ၆ လလောက်ပတ်လိုက်ခဲ့တဲ့ မိန်းကလေးက အိမ်ထောင်သည်ဖြစ်နေမှန်း မသိရှာဘူး။
အဲ့လောက်ထိအဲ့ဒီလို ဗီဂျေးတစ်ယောက် တနေ့မှာ အင်မတန်ချစ်ရမယ့် ဂီသားဆုတဲ့မိန်းကလေးနဲ့ဆုံစည်းခဲ့ပါတယ်။
သူ့ရဲ့အလွဲလွဲအချော်ချော်တွေနဲ့ အယူအဆတွေနဲ့ ဂီသားနဲ့ ဗီဂျေး ပေါင်းစည်းခွင့်ရမလားဆိုတာကိုတော့ …..(အမှန်အကန် Comedy, Drama ကားကောင်းတစ်ကားဖြစ်လို့ ပေးရတဲ့အချိန်ရုပ်ရှင် ကြည့်ရကျိုးနပ်စေရမယ်လို့ ရဲရဲကြီး အာမခံပါတယ်)…..Crd: Channel Myanmar
Related