ပရိသတ်ကြီးအတွက် ကားအသစ် အလန်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
ကားနာမည်က Genesis (2018)ပါ။
ဇာတ်လမ်းကတော့ စွန့်စားခန်း သဲထိတ်ရင်ဖိုတွေကြိုက်သူတွေအတွက်တော့ အကြိုက်တွေ့မှာပါ။
ဇာတ်လမ်းအကျဉ်းကတော့ ကမ္ဘာကြီးပေါ်မှာ ဓာတုလက်နက်တွေသုံးပြီး တိုက်ခိုက်မှုတွေကြောင့် ပါတ်ဝန်းကျင်ညစ်ညမ်းကာ လူသားမျိုးသုန်းလုနီးပါးဖြစ်ခဲ့ရပါတယ်။
လေထု မြေထု ရေထုတွေညစ်ညမ်းပြီး မြေပေါ်မှာလူသားတွေနေမရတဲ့အဆုံး မြေအောက်မှာအခန်းတွေဖွဲ့ကာ နေထိုင်ရပါတော့တယ်။
ရက်တွေကြာလာတာနဲ့အမျှ စားနပ်ရိက္ခာပြဿနာတွေအတွက် စက်ရုပ်တွေဖန်တီးကာ စားနပ်ရိက္ခာအရှာထွက်ခိုင်းပြီးနောက် ဘာတွေဆက်ဖြစ်မယ်ဆိုတာ စိတ်ဝင်စားစရာပါ။
မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေနဲ့ ဒီကားလေးကတော့ IMDb Rating 6.9/10 ရရှိထားပါတယ်…..Credit: Channel Myanmar
Related