Genghis Khan ဇာတ်ကားကတော့ historic / fantasy EPIC film လေးပါ။
အဓိကဇာတ်ဆောင်အနေနဲ့ William Chan ပါဝင်သရုပ်ဆောင်ထားပြီး ဒီကားလေးက ၈ ကြိမ်မြောက် Beijing International Film Festival မှာအပိတ်ကားအဖြစ်ပြသခဲ့တဲ့ ကားကောင်းလေးတစ်ကားပါ။
Mongol Empire ကိုစတင်တည်ထောင်ခဲ့တဲ့ ထျယ်မုကျန်း (Genghis Khan) အကြောင်းကိုအခြေခံပြီးရိုက်ကူးထားခြင်းဖြစ်ပါတယ်။
ထျယ်မုကျန်း နဲ့ ပေါ်အာထျဲဟာ ငယ်စဉ်ကတည်းက ချစ်ခဲ့ရတဲ့ချစ်သူတွေဖြစ်ပြီး ရုတ်တရက် ထျယ်မုကျန်းရဲ့အဖေသေဆုံးသွားခြင်းက သူတို့ ၂ ယောက်ခွဲခွာဖို့ဖြစ်လာခဲ့ပါတယ်။
တဖက်မှာလဲ ဦးလေးဖြစ်သူရဲ့သစ္စာဖောက်ခြင်းကိုခံလိုက်ရပြီး လူမျိုးစုတစ်စုလုံးမှာမှ ၁ မိသားစုတည်းကွဲထွက်ပြီးနေထိုင်ခဲ့ရပါတယ်။
ငယ်စဉ်ကတည်းက စေ့စပ်ပေးထားတာကြောင့် ထျယ်မုကျန်းဟာ အရွယ်ရောက်တော့ သူ့ချစ်သူ ပေါ်အာထျဲရှိရာသို့ရောက်ရှိပြီး လက်ထပ်ထိမ်းမြားခဲ့ကြပါတယ်။
ပြဿနာကတော့ မင်္ဂလာဦးညမှာပဲ ပေါ်အာထျဲကို တစ္ဆေတိုင်းပြည်က ဖမ်းခေါ်သွားခဲ့တာကနေ စတင်ခဲ့တာပါတစ္ဆေတိုင်းပြည်က ဘာကြောင့် ပေါ်အာထျဲကိုဖမ်းခေါ်သွားခဲ့တာလဲ? ထာဝရအသက်ရှင်နေထိုင်နိုင်တဲ့ ဘယ်လိုသတ်သတ်မသေတဲ့ တစ္ဆေတိုင်းပြည်ကဘုရင်ဟူးချူးလူ လက်ထဲကနေ ပေါ်အာထျဲကိုဘယ်လိုကယ်တင်မှာလဲဆိုတာ ဆက်လက်ကြည့်ရှုပေးပါဦး……….Credit: Channel Myanmar
Related