ဂလိုရီယာဆိုတဲ့ အမျိုုးသမီးတစ်ယောက်ရှိတယ်။ မျက်မှန်လေးနဲ့ အသက်ကြီးလဲ မပျက်စီးသေးတဲ့ အလှမျိုးနဲ့မိန်းမတစ်ယောက်။
ယောကျာ်းနဲ့ကွာရှင်းထားပြီးတော့ သားသမီးနှစ်ယောက်ကလဲအတောင်စုံလို့ ပျံထွက်သွားကြတဲ့အချိန်မှာ ဂလိုရီယာတစ်ယောက် ဘဝကိုနေချင်သလို လှလှလေးနေထိုင်ရင်းနဲ့ အချစ်တစ်ခုကိုရရှိခဲ့ပါတယ်။
သူတွေ့ခဲ့ရတဲ့ သူ့ရဲ့လေးဆယ်ကျော်အချစ်ကအာနိုးလ်တန်နာလို့ခေါ်တဲ့ ကစားကွင်းပိုင်ရှင်တစ်ယောက်။
သူလဲပဲ မိန်းမနဲ့ကွာရှင်းထားတဲ့သူပဲ။ ဒါပေမယ့် သူ့အနေအထားကဂလိုရီယာ့လိုမပေါ့ပါးပဲ သားသမီးတွေကြောင့် အမြဲစိတ်ရှုပ်နေရတတ်တဲ့သူ။
သူတို့ကြားမှာဖြစ်ပေါ်လာတဲ့ အချစ်ဆိုတာကိုသူတို့ဘယ်လိုရင်ဆိုင်မလဲ ဆုံးဖြတ်မလဲဆိုတာကို ရိုက်ကူးထားတာပါ။ (ဒီကားလေးကို အသက်ကြီးတဲ့စုံတွဲတွေလို့ မတွေးပဲ အချစ်မှာအသက်အပိုင်းအခြားတွေဆိုတာမရှိဘူးလို့ တွေးကြည့်ပြီးတော့ကြည့်ကြပါ။အထူးသဖြင့် အခုတစ်ယောက်နဲ့လဲ မရှင်းမရှင်းနဲ့ နောက်တစ်ယောက်ဆီကို မေးလေးထောက်ပြီးတော့ ချစ်ခွင့်ပန်နေကြတဲ့ ချစ်ဖို့ကြိုးစားနေတဲ့သူတွေကိုမှသဘောကျနေမိတဲ့ တချို့သူတွေကြည့်သင့်ပါတယ်ဘယ်လောက်အာရုံနောက်ရတယ်ဆိုတာ )…….Crd: Channel Myanmar
Related