အစ်ကို့ရဲ့အနိုင်ကျင့်မှုတွေကိုအမြဲခံနေရတယ်လို့ထင်နေတဲ့ကောင်မလေးတစ်ယောက်ဟာသူ့မွေးနေ့မှာ သူ့အစ်ကိုကိုသူ့ဘဝထဲကနေပျောက်သွားစေဖို့ဆုတောင်းခဲ့မိပါတယ်။ နောက်တစ်နေ့ပြန်လည်နိုးထလာချိန်မှာတော့ အံ့အားသင့်ဖွယ်ကိစ္စကဆီးကြိုနေခဲ့ပါတယ်။ သူမရဲ့အစ်ကိုကသူမဘဝထဲကပျောက်ကွယ်သွားခဲ့ပြီးသူမသူငယ်ချင်းရဲ့အစ်ကိုဖြစ်နေတဲ့အခါဘယ်လိုတွေဆက်ဖြစ်လာမလဲ။ သူမရဲ့အစ်ကိုကနောက်ကွယ်ကနေညီမလေးကိုဂရုစိုက်တာတွေ၊ဖြည့်ဆည်းပေးတာတွေကိုမြင်လာရတဲ့အခါ သူမရဲ့အစ်ကိုကိုပြန်ရနိုင်ပါတော့မလား။ မောင်နှမနှစ်ယောက်ကြားကသံယောဇဉ်၊ အထူးသဖြင့်အစ်ကိုကညီမလေးအပေါ်ထားတဲ့ကြီးမားတဲ့မေတ္တာတရားကို ဆွတ်ပျံကြည်နူးဖွယ်ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ ကျွန်တော့အမြင်အရတော့..ကြည့်ရင်းနဲ့အစ်ကိုမရှိတဲ့သူတွေလဲအစ်ကိုတစ်ယောက်လောက်လိုချင်မိမှာဖြစ်ပြီး…အစ်ကိုရှိပြီးသားသူတွေလဲကိုယ့်ရဲ့အစ်ကိုကိုပိုပိုချစ်လာလိမ့်မယ်ထင်မိပါတယ်…..Crd: Channel Myanmar
Related