မင်းသားကြီး Nicolas Cage ရဲ့ဇာတ်ကားသစ်ပဲဖြစ်ပါတယ်။
Thriller/Action ဇာတ်ကားလေးဖြစ်ပြီး ဇာတ်ကားကြည့်ရင်း သို့လောသို့လောနဲ့ နားလည်ရခက်စေပြီး နောက်မှ အဖြေပေါ်သွားစေတဲ့ဇာတ်ကားလေးပါ။
ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၉၈၈ခုနှစ်၀န်းကျင်….
ဟာရီကိန်းမုန်တိုင်းမဝင်ခင် နာရီပိုင်းအလို….ဂရန်းအိုင်လ်ဆိုတဲ့ နယ်မြို့လေးတစ်ခုမှာ ထူးဆန်းတဲ့လင်မယားနှစ်ယောက် နေထိုင်တဲ့အိမ်တစ်အိမ်ရှိပါတယ်။
ဇာတ်လမ်းအစမှာတော့ အဲဒီအိမ်ကိုမှသွားခိုးမိတဲ့ သူခိုးလေးတစ်ယောက် သေနတ်နဲ့အပစ်ခံရပြီး…အိမ်ရဲ့ခြံစည်းရိုးလည်းပျက်စီးသွားတဲ့အတွက် ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ကျပြီး ကလေးရပြီးနောက် မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ ဘာဒီဆိုတဲ့လူငယ်တစ်ယောက် အဲဒီခြံစည်းရိုးပြင်ဖို့အလုပ်ကိုလက်ခံရာကစပြီး သူတို့လင်မယားနှစ်ယောက်နဲ့မုန်တိုင်းတွင်းမှာ ဇာတ်လမ်းတွေစရှုပ်ပါတော့တယ်….
အဲဒီအိမ်ကြီးရဲ့လျို့ဝှက်ချက်ကဘာလဲ…
ဘာဒီဆိုတဲ့လူငယ်ကရော ဘာတွေအဆင်မပြေတာရှိနေပြီး…
ဖရန့်တို့လင်မယားနှစ်ယောက်က ဘယ်အားနည်းချက်ကိုအသုံးချပြီး ဒုက္ခပေးမှာလဲ….
ဖရန့်တို့လင်မယားနှစ်ယောက်ကရော ဘာတွေလဲဆိုတာတွေ့ရမှာပါ……Crd: Channel Myanmar
Related