အများမျှော်လင့်တောင်းဆိုနေကြတဲ့ ၂၀၁၉ ခုနှစ်ထဲ ထွက်ရှိထားတဲ့ Grass is Greener ဆိုတဲ့ Documentary ရုပ်ရှင်တစ်ခု တင်ဆက်ပေးချင်ပါတယ်….
IMDb အနေနဲ့ 7.1/10 ရရှိထားပါတယ်…
ဒီရုပ်ရှင်ဟာ အမေရိကန်နိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ မေရီဝါနာခေါ် ဆေးခြောက်နဲ့ ပတ်သက်တဲ့ သမိုင်းကြောင်းတွေ လူမျိုးရေးကိစ္စတွေ မူးယစ်တိုက်ဖျက်ရေးတွေနဲ့ ပြဿနာတက်ခဲ့ပုံတွေ အမေရိကန်သမ္မတတွေက ဆေးခြောက်နဲ့တကွ ဆေးခြောက်သုံးစွဲသူတွေကို ဖိနှိပ်ခွဲခြားခဲ့ပုံတွေ ဆေးခြောက်နဲ့ပတ်သက်ပြီး မဟုတ်မမှတ် ဝါဒဖြန့်ခဲ့တာတွေကို တိတိကျကျ ဖော်ပြထားတဲ့ ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်…
ဒီရုပ်ရှင်ထဲမှာ ဆေးခြောက်နဲ့ပတ်သက်တာတွေကို ဖော်ပြထားခြင်းအားဖြင့် ဆေးခြောက်နဲ့ ဆက်စပ်နေတဲ့ ဂီတသမိုင်းကြောင်းတွေကိုလည်း တီးမိခေါက်မိဖြစ်သွားမှာဖြစ်တဲ့အတွက် ဆေးခြောက်နဲ့ပတ်သက်တဲ့ ဗဟုသုတတွေအပြင် ဂီတသမိုင်းဆိုင်ရာ ဗဟုသုတတချို့ကိုလည်း တီးခေါက်မိသွားမှာပါ….
အမေရိကန် နိုင်ငံရေးအပါအဝင်ပေါ့…
Hip Hop … Jazz…နဲ့ Reggae ဂီတတွေ ရဲ့ Legendary အချို့ကို အင်တာဗျူးထားတဲ့ ကဏ္ဍတွေလည်း စုံစုံလင်လင်ပါရှိပါတယ်….
မေရီဂျိန်း ပရိသတ်တွေသာမက အခြားပရိသတ်တွေလည်း ကြည့်ရှုကြဖို့ ဖိတ်ခေါ်ပါတယ်….
“မေရီဂျိန်းဟာအပြစ်ကင်းတဲ့ သဘာဝပန်းပွင့်လေးတစ်ပွင့်ပါ”…Crd: Channel Myanmar
Related