Grave of the Fireflies (1988)ဟာဆိုရင်ဖြင့် best animation movie of all timeထဲက တစ်ကားအဖြစ်သတ်မှတ်ခြင်းခံထားရပြီး. IMDB.Rating အားဖြင့်လည်း အံ့သြစရာကောင်းလောက်အောင် 8.5ထိ ရရှိထားတဲ့ animeဖြစ်လို့ကြည့်ဖစ်အောင်ကြည့်ကြပါလို့ တိုက်တွန်းပါရစေ…
အညွှန်းပေးရမယ်ဆိုရင်တော့….
ဒုတိယကမ္ဘာစစ်ကြီးဖြစ်နေတဲ့အချိန် ဂျပန်နိုင်ငံလည်းနေရာအနှံ့ဗုံးကျဲခံရလို့…ထွက်ပြေးကြရ၊ ဗုံးကျင်းတွေ ခိုကြရတဲ့အချိန်မှာ ဆဲတိုနဲ့ဆဲဆု တို့မောင်နှမ နဲ့ သူတို့အမေလည်း ဗုံးခိုကြရရင်း သူတို့အမေသေဆုံးသွားခဲ့ပါတယ်…
အဖေကလည်း တိုက်ပွဲမှာတိုက်ခိုက်နေရတဲ့အတွက် အဆက်အသွယ်ကလည်းမရ ဖြစ်နေပြန်တော့ ခိုကိုးရာမဲ့ မောင်နှမနှစ်ယောက်လည်း အမေ့ညီမ တစ်ဝမ်းကွဲ အဒေါ်အိမ်ကိုမှီခိုဖို့ရောက်လာခဲ့ကြပါတယ်..
ရောက်ခါစကတော့ မောင်နှမနှစ်ယောက်ဆီကပါလာတဲ့ အစားအသောက်တွေမျက်နှာကြောင့် ကြည်ကြည်ဖြူဖြူဖြစ်ပေမယ့် အားလုံးကုန်သွားတဲ့အခါမှာတော့ ညိုငြင်စပြုလာပါတော့တယ်..
ကြံခိုင်တဲ့အကိုဖြစ်သူ ဆဲတို က အပြောအဆိုမခံချင်တာနဲ့ မောင်နှမလေးနှစ်ယောက် အမေချန်ထားခဲ့တဲ့ပိုက်ဆံလေးနဲ့ လမ်းဘေးနေရာ တစ်ခုမှာ စားသောက်ခဲ့ကြတယ်..
ညမှောင်လာတဲ့အခါ ပိုးစုန်းကြူးလေးတွေဖမ်းပြီး အရင်ကမိသားစု စုံစုံလင်လင်ရှိချိန်တွေ ပြန်စဉ်းစားကြတယ်..
တဖြည်းဖြည်းနဲ့ စားစရာတွေမရှိတော့တဲ့အချိန်မှာ သူတို့မောင်နှမနှစ်ယောက် ဘာတွေဆက်ဖြစ်ကြမှာလဲ….
သူတို့ရဲ့အဖေနဲ့ရော ပြန်လည်ဆုံတွေ့နိုင်မှာလား..
ဒီကားလေးကိုဂျပန်လို အဓိပ္ပါယ်ဆိုရင်”ပိုးစုန်းကြူးတို့ရဲ့ ဝိဉာဉ်” လို့ခေါ်ဆိုပါတယ်…..
ဒီအဓိပ္ပါယ်ကရော ဘာကြောင့်ခေါ်တာလဲဆိုတာ အပြည့်အဝဆက်သိချင်ရင်တော့ ဒီကားလေးကို ဆက်လက်ကြည့်လိုက်ပါလို့ပြောချင်ပါတယ်….
ဂျပန်လူမျိုးတို့ရဲ့ ကုန်းကောက်စရာမရှိအောင် ဆင်းရဲမွဲတေပုံကနေ ခေတ်မှီတဲ့နိုင်ငံတော်တစ်ခုအဖြစ်ရောက်အောင် ဘယ်လိုစိတ်အင်အားတွေကတွန်းပို့ပေးခဲ့လည်းဆိုတာ ဒီဇာတ်ကားလေးက သရုပ်ဖေါ်ပြပေးနေသလို သနားစို့နင့်မှုတွေနဲ့တကွ လောကဓံကို ကြံ့ကြံ့ခံတွန်းလှန်စေရဲမဲ့သတ္တိတွေ စစ်အတွင်းမှာ သားကောင်ဖြစ်ခဲ့ရတဲ့ ပြည်သူတွေရဲ့ဘဝနဲ့ အကိုတယောက် သူ့ညီမလေးအပေါ်မှာထားရှိတဲ့မေတ္တာတွေကို ပြည့်ပြည့်ဝဝ ဖေါ်ကျူးထားတဲ့ Best Animation Movie Of All Time သတ်မှတ်ခံထားရတဲ့ ဒီဇာတ်ကားလေးကိုကြည့်ရင်းနဲ့ ကိုယ်ပါခံစားမိလာပြီး မျက်ရည်ကျတဲ့အထိပါပဲ…
ပရိတ်သတ် တွေလည်းခံစားကြည့်လိုက်ပါဦး…Crd: Channel Myanmar
Related