ဒီတစ်ခါကားလေးကတော့ အက်ရှင်ကားကောင်းလေးတစ်ကားပါ။
အန်နာဝှစ်ခ်မန်းမှာ ဘန်ဂျမင်ဆိုတဲ့ သားလေးတစ်ယောက်ရှိတယ်။
ဘန်ဂျမင်၆နှစ်သားလောက်မှာ သူရဲ့မိခင်အန်နာဟာ ဇီးရက်စ်ဆိုတဲ့ကွန်ပျူတာပရိုဂရမ်တစ်ခုကြောင့် လူတွေ သူမနောက်လိုက်လာရင်း တံတားပေါ်ကခုန်ချပြီး သေဆုံးသွားခဲ့တယ်။
ဘန်ဂျမင်လေးဟာ မိဘမဲ့ဂေဟာမှာနေထိုင်ရင်း ကြီးပြင်းခဲ့တယ်။
သူဟာ ဟက်ကာလေးတစ်ယောက်ဖြစ်လာပြီး စာမေးပွဲမေးခွန်းတွေရဲ့ ရလဒ်တွေကိုဟက်ပေးပြီး ပိုက်ဆံရှာခဲ့တာပေါ့။
တစ်နေ့မှာ သူအမေအကြောင်းကို ရှာဖွေနေတဲ့ အဖွဲ့အစည်းတစ်ခုက သူမလို့ထင်ရတဲ့ အမျိုးသမီးတစ်ယောက်ကိုရှာတွေ့ခဲ့တယ်။
အဲ့အဖွဲ့ဟာ ဘန်ဂျမင်ရဲ့ကျောင်းကိုရောက်လာခဲ့ပြီး သူ့ကိုအန်နာရဲ့အကြောင်းတွေစုံစမ်းခဲ့တယ်။
အဲ့အချိန်ကစပြီးဘန်ဂျမင်က သူ့ရဲ့မိခင်ဟာဘာကြောင့်သေဆုံးခဲ့တာလဲ။ ဘာကြောင့်အခုလိုသူ့အမေအကြောင်းကို
လာစုံစမ်းတာလည်းဆိုတာလိုက်လံဖော်ထုတ်ခဲ့တာပေါ့။
နောက်ပိုင်းမှာသူဘာတွေရှာတွေ့ခဲ့လဲ ဘာတွေအခက်အခဲကြုံခဲ့လဲဆိုတာကြည့်ရှု့ရမှာပါ….Crd: Channel Myanmar
Related