ဟော်လိုဝင်းညတစ်ည အပြင်မှာ ထွက်ကဲကြတဲ့ သူငယ်ချင်းတစ်စုဟာ မူးမူးနဲ့အိမ်မပြန်ကြသေးပဲ ရှေ့ဆက်ဖို့ နေရာရွေးကြပါတယ်။
သူတို့ ရွေးလိုက်တဲ့နေရာကတော့ မြို့စွန်တစ်နေရာမှာရှိတဲ့ သရဲအိမ်ကြီးတစ်လုံးပါ။ ထုံးစံအတိုင်း စည်းကမ်းချက်တွေဖတ် သဘောတူကြောင်း လက်မှတ်ထိုး ဖုန်းတွေအပ်ခဲ့အပြီးမှာတော့ ထင်ထားသလို အပန်းဖြေပျော်စရာ ခြောက်လှန့်တဲ့သရဲအိမ်မဟုတ်ဘဲ သူတို့ အိမ်မက်ဆိုးတွေ တကယ်ဖြစ်လာမယ့်အကြောင်း တစ်ဖြည်းဖြည်းသဘောပေါက်လာပါတော့တယ်။
ဒီလိုဇာတ်လမ်းဇာတ်အိမ်မျိုး မကြာခဏတွေ့ဖူးတယ်ဆိုပေမယ့် ဒီလောက်ကောင်းတဲ့ ကားမျိုးတော့ ထွက်မလာခဲ့တာကြာပါပြီ။
ရိုးရှင်းတဲ့ ဇာတ်အိမ်ကိုမှ ဆန်းသစ်တဲ့တင်ပြပုံ ရိုက်ချက်တွေနဲ့ဆိုတော့ horror ပရိသတ်တွေ လက်လွတ်မခံသင့်တဲ့ ရှားရှားပါးပါး ကားကောင်းတစ်ကားဖြစ်ပါတယ်။
သတ်ခန်းဖြတ်ခန်းတွေက တမင်လုပ်ယူထားတဲ့ ရွံစရာပြကွက်မျိုးတွေမဟုတ်ပဲ တကယ့်ကို အသည်းတယားယားရင်တစ်ဖိုဖိုနဲ့ တကယ့်ကိုထိတ်လန့်ကြောက်ရွှံစရာပါ….Crd: Channel Myanmar
Related