အမြဲလိုလိုပျော်ရွှင်တက်ကြွနေတတ်တဲ့ အသက်၂၀အရွယ် ချင်းမိုင်သူလေး “ဝမ်” ဆုံးသွားတဲ့ချစ်သူကောင်မလေးချန်ခဲ့တဲ့ ပဟေဠိကိုအဖြေရှာရင်း ချင်းမိုင်ကိုရောက်လာတဲ့ အသက်၄၀အရွယ် လူရိုးကြီး “ချိုင်” ဒီလိုနဲ့ သူတို့နှစ်ယောက် ချင်းမိုင်ကဝမ်တို့ရဲ့တည်းခိုဆောင်လေးမှာ ဆုံမိကြတဲ့အခါ…
နှလုံးရောဂါသည်မလေး ဝမ်နဲ့ အသည်းကွဲနေသူကြီး ချိုင်တို့ရဲ့ရင်ခုန်သံစည်းချက်တွေနဲ့ ဦးနဲ့ခေးဇာတ်လမ်းလေးကို လူငယ်ဆန်ဆန် pickup line လန်းလန်းလေးတွေရယ် ချင်းမိုင်ရဲ့ဘုရားပုထိုး၊ တောင်တန်းအလှတွေ၊ ချစ်စရာ cafe နဲ့ guest house လေးတွေရယ် မြန်မာနဲ့ထိုင်းကြားက ခပ်ဆင်ဆင်ရိုးရာအင်္ကျီလေးတွေ၊ ဓလေ့လေးတွေရယ် ဗီယက်နမ်အလယ်ပိုင်းက ရှေးဟောင်းမြို့လေးဟွေအန်းမြို့ရဲ့ ချစ်စရာဈေးလမ်းလေးတွေ၊ နာမည်ကျော်လက်ဖဝါးတံတားကြီးရယ် နဲ့အတူ ကြည့်ရှုခံစားလိုက်ကြပါဦး….Credit: Channel Myanmar
Related