ပရိတ်သတ်တွေ အတွက် ဒီတစ်ခါမှာတော့သွေးထွက်သံယိုတွေ များပြီး ထိတ်လန့်ရမယ့် Horror ဇာတ်လမ်းကောင်းတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။
အလုပ်များတဲ့ ခင်ပွန်းဖြစ်သူကို ပိုင်ဆိုင်ထားတဲ့ လော်ရာ ဟာတစ်ရက်မှာတော့ အိမ်ခြံမြေဈေးကွက်ကနေ ပေါချောင်ကောင်းနဲ့အိမ်တစ်လုံးကို ဝယ်လိုက်နိုင်ပါတယ်….
အဲ့ဒီအိမ်ကို သွားကြည့်ဖို့အတွက် မိသားစုလိုက်ခရီးထွက်ချင်သော်လဲ လော်ရာ ရဲ့ ယောကျ်ားမှာအလုပ်ကိစ္စများရှိနေသဖြင့် နောက်ကျမှ လိုက်လာမည်ဟုပြောပြီး သမီး ၂ ယောက်ဖြစ်သူ မက်ဒီ နဲ့ ကေလာ ကိုအဖော်ထည့်ပေးလိုက်ပါတယ်….
ခြံဝန်းကြီးနား ရောက်တဲ့အခါမှာတော့ ထိုပတ်ဝန်းကျင်ကို လှည့်လည်စောင့်ရှောက်သူ အိုဝင် နဲ့ တွေ့ရှိပြီး သူတို့ သားအမိတွေကိုယခင် အိမ်ရဲ့ မိသားစု အကြောင်း ပြောပြကာ ထိုမိသားစုထဲမှ ဂျွန်နီဆိုသော ကလေးမှာငယ်ငယ်ထဲက ပျောက်ဆုံးသွားကြောင်းနောက်ဆုံးမှာ မိသားစုဝင်များသည်လဲ ထိုအိမ်အား ဈေးကွက်မှာရောင်းဖို့တင်ကာ ပျောက်ခြင်းမလှပျောက်ကုန်ကြတယ် လို့ အိုဝင် ဆီက သိခဲ့ရပါတယ်….
ထွေထွေထူးထူး ကိစ္စမဟုတ်တဲ့အတွက် လော်ရာ လဲ မေ့မေ့ပျောက်ပျောက် ဖြစ်ကာသမီးတွေနဲ့ အတူ ခင်ပွန်းဖြစ်သူ အလာကိုစောင့်နေခဲ့ပါတယ်…ဒီလိုနဲ့ မိုးချူပ်ခဲ့တဲ့ အခါမှာတော့သူတို့ ဘဝ မှာ မမျှော်လင့်ထားတဲ့အဖြစ်အပျက်တွေ နဲ့ ကြုံတွေ့ခဲ့ရသောအခါ……Crd: Channel Myanmar
Related