တိုင်ပေဆိုတဲ့ ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ရည်စားနဲ့ ပြတ်သွားတဲ့ အယ်ရင်ဆိုတဲ့ မိန်းကလေးဟာ ရည်းစာအသစ်အဖြစ် ပေါ နဲ့ တွဲမိပါတယ်။
ပေါဟာ စာရေးဆရာတစ်ယောက်ဖြစ်နေပြီး သူနဲ့အယ်ရင်ရဲ့ အချစ်ကိုမှတ်တမ်းရုပ်ရှင်ရိုက်ကူးဖို့ နှစ်ဦးသား ကြံစည်မိခဲ့ကြပါတယ်။
ဒီကားမှာတော့ bad romance နဲ့ အတူ မူးယစ်ဆေးမျိုးစုံကိုသုံးစွဲကြတဲ့ စုံတွဲရဲ့ အမြင်နဲ့အတွေးတွေကို ခံစားကြည့်ရမှာပါ။
သူတို့ ၂ ယောက်ဟာ နေရာတွေ အစုံသွားတယ်၊ ချစ်ကြတယ်၊ မူးယစ်ဆေး တူတူသုံးတယ်၊ ကဲတယ်။ တစ်ယောက်ကတော့ အရမ်းချစ်မိသွားပြီး တစ်ယောက်ကတော့ တကယ်မချစ်ခဲ့ဘူး။ သူတို့ ၂ ယောက်ထဲက ဘယ်သူဖြစ်မလဲဆိုတာကိုတော့ ဇာတ်ကားလေးကို ကြည့်ရှုလိုက်ကြပါဦး……Crd: Channel Myanmar
Related