၂၀၁၉ ခုနှစ်ထဲမှာ ထွက်ရှိထားတဲ့ Hit-and-Run Squad ဆိုတဲ့ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။
အွန်းစီယွန်းဟာ ရဲမှူးကြီးပတ်ခ်ရဲ့ လာဘ်စားမှုကို လိုက်လံဖော်ထုတ်ရင်းနဲ့ သက်သေမခိုင်လုံတာကြောင့် တိုက်ပြေးအမှုတွေကိုင်တဲ့ဌာနကိုရာထူးချရွှေ့ပြောင်းခံခဲ့ရပါတယ်။
ထိုဌာနမှာအရမ်းတော်တဲ့ရဲတပ်သား ဆူမင်ဂျေးနဲ့တွေ့ဆုံခဲ့ပြီးတော့ တိုက်ပြေးအမှုတွေကို အတူတူဖြေရှင်းခဲ့ရင်းနဲ့ ပဟေဠိဆန်တဲ့အမှုတစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်။
သူတို့စုံစမ်းစစ်ဆေးရင်းနဲ့ အဲဒီတိုက်ပြေးမှုသေးသေးလေးဟာ အကြီးကြီးလာဘ်ပေးသူ ဖော်မြူလာဝမ်းပြိုင်ကားကွင်းပိုင်ရှင် ဂျန်ဂျယ်ချောင်းနဲ့ ပတ်သက်နေတယ်ဆိုတာကို ရှာဖွေတွေ့ရှိလာပါတယ်။
အွန်းစီယွန်းအနေနဲ့ သူ့နဂိုမိခင်ဌာနရဲ့တာဝန်ကိုထမ်းဆောင်ရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတွေတွေ့ကြုံလာရချိန်မှာတော့ အရာအားလုံးဟာ ရှုပ်ထွေးကုန်ပါတော့တယ်။
အရှောင်အတိမ်းတော်လွန်း အဆက်အသွယ်ကောင်းလွန်း ကားမောင်းပြိုင်တာတော်လွန်းတဲ့ ဂျန်ဂျယ်ချောင်းကို ဘယ်လိုတွေ ဇာတ်လမ်းဇာတ်ကွက်ဆင်ပြီး ဖမ်းဆီးကြမလဲဆိုတာကို ဒီကားမှာကြည့်ရှုရမှာပဲဖြစ်ပါတယ်။
ကားမောင်းပြိုင်တဲ့အခန်းမှာလည်းတိုက်လိုက်တဲ့ကားတွေမှ သောက်သောက်လဲပါပဲ….
ကားမောင်းပြိုင်တာတွေရော ချတာတွေရော ရယ်စရာရော ဝမ်းနည်းစရာရောပါတဲ့ ကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကားဆိုတော့ အာမခံပါတယ်…..Crd: Channel Myanmar
Related