မြန်မာပေါကားတွေကြည့်ရတာရိုးနေပြီလား? အမေရိကန်ပေါကားစစ်စစ်ကြည့်ချင်ပါသလား? ဒါဆိုရင်တော့ Hot Shots ကို ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ။
Hot Shots ရုပ်ရှင်ဟာ ဟောလီးဝုဒ်က နာမည်ကြီးဇာတ်ကားတော်တော်များများကို သရော်ထားတဲ့ရုပ်ရှင်ကားပါ။
အခုတင်ဆက်ပေးလိုက်တဲ့ Hot Shots Part 1 ကတော့ 1986 ခုနှစ်ကထွက်ရှိခဲ့တဲ့ Top Gun ဆိုတဲ့ရုပ်ရှင်ကို အဓိကထား သရော်ထားတာဖြစ်ပြီး Kevin Costner ရဲ့ Dances with Wolves လို နာမည်ကျော်ကားကြီးတွေကိုလဲ နည်းနည်းစီ သရော်ထားပါတယ်။
အခု Part 1 မှာတော့ အဖေ့ရဲ့နာမည်ဆိုးကို အမွေဆက်ဆံထားရတဲ့ တော်ပါဟာလေကို လေတပ်က ပြန်လည်ဆင့်ခေါ်လိုက်ပြီး လျှို့ဝှက်မစ်ရှင်အကြီးစားတစ်ခုမှာ ပါဝင်ခိုင်းတဲ့အကြောင်းဖြစ်ပါတယ်။
ဂျက်လေယာဉ်ကြီး လေပေါ်မှာ Drift ဆွဲတာ၊ ဘရိတ်အုပ်လိုက်တာတွေအပြင် ရယ်မောစရာအခန်းတွေအများကြီးပါတာကြောင့် မြန်မာရွာကားတွေကြည့်ရတာ ပျင်းရိလာတဲ့ပရိသတ်တွေအတွက် ကြည့်သင့်တဲ့ အမေရိကန်နွားကျောင်းသားကားတစ်ကားဖြစ်ပါတယ်။