အိန္ဒိယ ကားတွေမှ သဘောကျတဲ့သူတွေအဖို့ အချစ် ဟာသ ကားကောင်းလေး လာပါပြီဗျာ…
ကာရန်ဆိုတဲ့ သတ်လတ်ပိုင်းလူငယ်တစ်ယောက် သူ့မိန်းမနဲ့ခွာပြဲပြီးနောက်ပိုင်း အိမ်ထဲကအိမ်ပြင် မထွက်ရဲတဲ့ Psycho ၀င်လာပါတယ်။
အဲ့ psycho ကို ဂျပန်လူငယ်တွေအဖြစ်များပါတယ်။ ဂျပန်လို ဟီကီကိုမိုရီလို့ခေါ်သဗျ။ အိမ်ထဲမှာပဲနှစ်ရှည်လများအာင်းပြီး online သုံးတယ် game ဆော့တယ် လူထုအသိုင်းဝိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုလုံးဝမရှိတဲ့ psycho တစ်မျိုးပေါ့။
ဒါပေမယ့် အဲ့လို psycho မျိုးတွေက နောက်ပိုင်းခေတ်စားလာပါတယ်။ ဟီကီကိုမိုရီလိုမဟုတ်တောင် အပူပင်မရှိ လောကကြီးကိုတစ်ယောက်တည် းဖြတ်သန်းလာကြတာပေါ့။
ဂျပန်မှာပဲ အများဆုံး ခေတ်စားတာပါ။ FA တွေလို့ပြောတာမဟုတ်ဘူးနော်။ ကိစ္စတော်တော်များများကို တစ်ယောက်တည်း လုပ်လာကြတာ။ မွေးနေ့ပွဲ တစ်ယောက်တည်း ဆင်နွှဲတယ်။ ခရီး တစ်ယောက်တည်း ထွက်တယ်။ ရုပ်ရှင် တစ်ယောက်တည်း ကြည့်တယ်။ ဘာလို့ဆို တိုတောင်းတဲ့လူ့ဝလေးကို အခြားသူတွေအတွက် အချိန်ကုန်မခံချင်တော့လို့ပါပဲ။
ဒီကားထဲက ဇာတ်ကောင် ကာရန်လဲအဲ့တိုင်းပဲ တစ်ယောက်တည်း အိမ်မှာ သန့်ရှင်းရေးလုပ်တယ်။ ပစ္စည်းအတိုအထွာလေးတွေနဲ့အခန်းကိုအလှဆင်တယ်။ ကောင်မလေးလဲ မထားဘူး။ အိမ်တံခါးကနေ အပြင်ဖက်ကို ခြေလှမ်းတစ်လှမ်းတောင် မလှမ်းတာ။
ဒီကားကြည့်ရင်သိရမှာပါ။
သူငယ်ချင်းဖြစ်သူ ဂျေဒီတစ်ယောက်ကောင်းမှု နဲ့ကောင်မလေးတစ်ယောက် သူ့အိမ်ရာက်လာပြီးနောက်ပိုင်း ဘယ်လိုတွေ ပြောင်းလဲသွားမလဲဆိုတာတော့ ဒီမှာမပြောတော့ဘူး သိချင်ရင်ကြည့်ကြပါ…… Crd: Channel Myanmar
Related