ဒီရုပ်ရှင်ကတော့ တောင်ကိုရီးယားနိုင်ငံမှာ အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ တံတားပြိုကျမှု အဖြစ်အပျက်တစ်ခုကို အကြောင်းပြုပြီးရိုက်ကူးတဲ့ စိတ်ကူးယဉ်နဲ့ ဖြစ်ရပ်မှန် အခြေပြုရုပ်ရှင် ဇာတ်ကားကောင်းဖြစ်ပါတယ်။
ဒီဇာတ်ကားကို ရိုက်ကူးထားတဲ့ ဒါရိုက်တာကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ တက်သစ်စအမျိုးသမီး ဒါရိုက်တာ Kim Bora ဖြစ်ပြီး ဒီဇာတ်ကားနဲ့ ဘာလင်အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဇာတ်ကားဆုအပါအဝင် ဆုပေါင်းများစွားကို ရရှိထားတဲ့ အလားလားရှိတဲ့ ဒါရိုက်တာတစ်ယောက်ပါ။
ဒီဇာတ်လမ်းကလည်း ဒါရိုက်တာ Kim Bora ငယ်စဉ်က ကြုံခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို အခြေပြုရိုက်ကူးထားပြီး ဆယ်ကျော်သက်ရွယ် ကောင်မလေးတစ်ယောက်ရဲ့ မမျှော်လင့်ပဲ ကြုံတွေ့လိုက်ရတဲ့ ဘေးဒုက္ခတွေရယ်၊ သူ့ရဲ့ အချစ်နဲ့ ဘဝအတွက် ရှာဖွေမှုတွေကို ခံစားကြည့်ရှုရမယ့် ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားပါ။
နိုင်ငံတကာဆုရ ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့အတွက် ကြည့်ရှုခံစားပေးကြပါဦး…..Crd: Channel Myanmar
Related