ဒီကားလေးဟာ Imdb6 ရထားတဲ့ ဟောင်ကောင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။
1970ဝန်းကျင်လောက်က အောင်မြင်ကျော်ကြားပြီး အသက်ကြီးသည်အထိ လက်တွဲမဖြုတ်ခဲ့ကြတဲ့ ရော့ဂီတအဖွဲ့ Wynners အကြောင်း တင်ဆက်ဖော်ပြထားတာပါ…
သူတို့ရဲ့အောင်မြင်ကျော်ကြားမှုဆီ လျှောက်လှမ်းရာလမ်းဟာ ပန်းခင်းသောလမ်းမဟုတ်ခဲ့ပါဘူး။
ကျောင်းသားဘဝက သူတို့တိုက်ခန်းမှာသီချင်းလေ့ကျင့်ရင်း ပတ်ဝန်းကျင်ရဲ့အပြစ်တင်မှုတွေကိုခံယူခဲ့ရပါတယ်..
မိဘတွေရဲ့နားမလည်ပေးမှုတွေ..အခက်အခဲပေါင်းများစွာကိုဘယ်လိုတွေရင်ဆိုင်ဖြေရှင်းကြမလဲ…သူတို့တွေအောင်မြင်မှုရချိန်မှာဘယ်လိုပြဿနာတွေကိုထပ်ပြီးကြုံတွေ့ရမှာလဲ..ဆိုတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်….
ဂီတလမ်းခရီးရဲ့ကြမ်းတမ်းမှုတွေ..အခက်အခဲ ပြဿနာမျိုးစုံတွေကို တွေ့မြင်ရမှာဖြစ်ပြီးရင်ထဲထိစေတဲ့ဇာတ်ကားတစ်ကားဖြစ်လို့ အရမ်းကိုသဘောကျမိပါတယ်….. Crd: Channel Myanmar
Related