ပရိတ်သတ် တွေ အတွက် 2016 က ထွက်ရှိထားတဲ့ Chinese movie လေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်….
ဒီဇာတ်လမ်းလေးကတော့ စာရေးဆရာ Zhang Jia Jia ရဲ့ အရောင်းရဆုံး ဝတ္ထုတိုများ ကို အခြေခံပြီးရိုက်ကူးထားတာပါ..
heart ထိလောက်မယ့် ရိုမန့်ဇာတ်လမ်းလေးလည်း ဖြစ်ပါတယ်…
ဒီဇာတ်လမ်းထဲမှာ မောရှီဘာအဖြစ် မင်းသား Yang Yang က ပါ၀င် သရုပ်ဆောင်ထားပါသေးတယ်..
ချန်မိုဟာ ရေဒီယို အစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်တယ်…
အဲ့ဒီအသံလွှင့်လိုင်းမှာလည်း လုပ်ဖော်ကိုင်ဘက် ကောင်မလေးတစ်ယောက်နဲ့ ချစ်သူဖြစ်တော့ သူ့အတွက် အရာရာအဆင်ပြေနေသလိုပဲ…
ချစ်သူမျက်နှာကြည့်လိုက် အသံလွှင့်အစီအစဉ်မှာ ထုတ်လွှင့်လိုက်နဲ့…
ဒီလိုနဲ့တစ်နေ့တော့ သူ့ချစ်သူက လမ်းခွဲစကားပြောလာတယ်…
အချစ်ကြီးချစ်ခဲ့သူရဲ့ရုတ်တရက်လမ်းခွဲမှုဒဏ်ကိုသူမခံနိုင်ခဲ့ဘူး…
အသံလွှင့်စဉ်မှာလည်း ပေါက်ကရတွေလုပ် အလုပ်ကိုကောင်းစွာအာရုံမစိုက်နိုင်တော့ သူ့နာမည်လည်း တဖြည်းဖြည်းကျလာတဲ့အပြင် နေ့စဉ် အဆင်မပြေမှုများစွာနဲ့ ဖြတ်သန်းနေရတယ်…
အဲ့ဒီအချိန်မှာပဲ သူ့ဘဝထဲကို အလုပ်သင်ကောင်မလေးတစ်ယောက် ရောက်ရှိလာခဲ့တယ်…
ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး….. Credit: Channel Myanmar
Related