MBD rating 5.1/10 နဲ့ Rotten tomatoes 72% ရရှိထားတဲ့ ကားလေးပါ။
Ibizaကို မေလ ၂၅တုန်းက Netflixမှာပြခဲ့တာပါ။
ဒါရိုက်တာ Alex Richanband ရိုက်တဲ့အမေရိကန်အချစ်ဟာသကားလေးရဲ့ဇာတ်လမ်းပုံစံကတော့ နယူးရော့ခ်မှာနေနေတဲ့မိန်းကလေး ဟပ်ပါက ဘာစီလိုနာကို အလုပ်ကိစ္စနဲ့အလွှတ်ခံရတာပါ။
အဲ့ခရီးစဉ်ကို ပါတီတက်ရတာကြိုက်တဲ့ သူ့အခင်ဆုံးသူငယ်ချင်းနှစ်ယောက်လည်း အတူပါသွားတယ်။ ဟိုရောက်တော့ ဟပ်ပါတစ်ယောက် ပါတီတစ်ခုကDJ အလန်းလေးကိုတွေ့ပြီး ခိုက်သွားပါလေရော။
အဲ့နောက်မှာတော့ သူစိတ်ဝင်စားသွားတဲ့ DJနောက်ကိုလိုက်ရင်း ဘာတွေဆက်ဖြစ်မလဲပေါ့… ?? ပါတီတွေလိုက်တက်တဲ့ ကားဆိုတော့ ဒီကားလေးမှာEDM သီချင်းအလန်းတွေ နာမည်ကြီးနေတဲ့သီချင်းကောင်းတွေကို ကြားရမှာပါ…..Credit: Channel Myanmar
Related