ယခုတစ်ခါမှာတော့ မင်းသားကြီး Donnie Yen ရဲ့ Sci-Fi/Comedy/Drama ဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်အတိုင်းပဲ အချိန်ခရီးသွားခြင်းဖြစ်ပြီး ဟာသ အနည်းငယ်နှောကာ ရှေးခေတ်နဲ့ယနေ့ခေတ်ကြား ကူးလူးရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ မင်မင်းဆက်မှာ စစ်သူကြီးတစ်ဦးဖြစ်တဲ့ ဟော်ယင်းတစ်ယောက်….နန်းတွင်းအရှုပ်တော်ပုံတွေကြားမှာ မြေစာခံဖြစ်ခဲ့ရပြီး ကံကြမ္မာရဲ့စေရာအတိုင်း အနာဂတ် ခေတ်သစ်ကို ရောက်ရှိလာပါတော့တယ်။ Donnie Yen တစ်ယောက်အတိတ်ကိုဘယ်လိုသွားမလဲ သူထင်ထားလိုပဲအရာရာဟာဖြစ်မြောက်နိုင်ပ့ါမလား ဆိုတာစိတ်ဝင်စားစရာပါ။ တကယ်တော့ သဘာဝကို သွေဖီတယ်ဆိုတာ မလွယ်ကူမှန်းသိသွားတဲ့နောက် စစ်သူကြီးဟော်ယင်းတစ်ယောက် ဘာလုပ်မလဲ။ ပေါ့ပေါ့ပါးပါးဇာတ်ကားလေးဖြစ်ပြီးအားလပ်ရက်လည်းရှိနေတော့ ကိုယ်ကြိုက်တဲ့မင်းသားနဲ့အတူ အပန်းဖြေကြည့်လို့ရတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်…. Crd: Channel Myanmar
Related