ဒီဇာတ်ကားဟာ ကိုရီးယားတွေက Japanese animated film Jin-Roh: The Wolf Brigade ကို live action ပြန်ရိုက်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီကားနဲ့ပတ်သက်ပြီး review မျိုးစုံပေးထားပေမယ့် ကြည့်ရကောင်းတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒါရိုက်တာ Kin Jee Woo ရိုက်ကူးထားပြီး Cast တွေကတော့ Cold eyes ဇာတ်ကားထဲက မင်းသမီးချောလေး Hyo Joo Han, အဲ့ကားထဲမှာပဲပါဝင်ခဲ့တဲ့ မင်းသားကြီး Woo Sung Jung တို့အပြင် မင်းသား Dong Won Gang တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်အိမ်ကို အနာဂတ် ၂၀၂၉ခုနှစ်မှာတည်ထားပြီး မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားတို့ပြန်လည်ပေါင်းစည်းရန် ဆွေးနွေးနေသည့်ကာလတွင်အခြေတည်ထားပြီး အဲ့ဖြစ်စဉ်ရဲ့နောက်ဆက်တွဲ ကိစ္စရပ်များကိုရိုက်ကူးထားတာပါ။
ပေါင်းစည်းရေးကိစ္စကြောင့် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ရုရှား၊ တရုတ်၊ ဂျပန်တို့ရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် ကိုရီးယားနိုင်ငံစီးပွားရေးထိုးကျပြီး လူထုကြားမတည်ငြိမ်မှုတွေဖြစ်ပေါ်လာကာ အစိုးရကိုဆန့်ကျင်သည့် အကြမ်းဖက်အဖွဲ့တစ်ဖွဲ့ ပေါ်ပေါက်လာပါတယ်။
အဆိုပါအဖွဲ့ကိုနှိမ်နင်းဖို့ရာအတွက် အထူးလေ့ကျင့်ပြီး အဆင့်မြင့် Equipment တွေတပ်ဆင်ထားတဲ့ အထူးတပ်ဖွဲ့ကိုဖွဲ့စည်းလိုက်ပါတယ်။
သို့သော် အဆိုပါအဖွဲ့နှစ်ဖွဲ့တင်မဟုတ်ပဲ ကြားထဲမှ ရှုပ်ထွေးမှုတွေဖြစ်လာပြီး အစိုးရပိုင်းအတွင် အာဏာလွန်ဆွဲမှုတွေဖြစ်လာကာ ဇာတ်ကားကမြုပ်ကွက်တွေရှိလာပါတယ်။ ကိုရီးယားဇာတ်ကားထုံးစံအတိုင်း drama အတည်းငယ်ပါဝင်ထားတာကိုလည်းတွေ့ရမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ်ကြည့်ရမဆိုးသလို မင်းသမီးဟာလည်းချောသည်ဖြစ်သောကြောင့် ကြည့်ဖြစ်အောင်ကြည့်စေချင်ပါတယ်…..Crd: Channel Myanmar
Related