ဟောင်ကောင် ICAC ရဲ့ ငွေမည်းလိုက်ပြီး လာဘ်စားမှုတွေ ဖော်ထုတ်တဲ့ဇာတ်ကားကောင်းလေး မိတ်ဆက်ပေးလိုက်ပါတယ်။
စာရင်းကိုင်နဲ့ သူဌေးပူးပေါင်းပြီး စတော့ငွေတွေကို ကျားကစားသလိုအကွက်ရွေ့သွားတဲ့အမှုကို အခြေခံထားတဲ့ ဇာတ်လမ်းလေးနော်။
ရင်းနှီးမြှုပ်နှံသူတွေခေါ်ပြီး စတော့ဈေးကွက်မှာ ဈေးအပြောင်းအလဲများတဲ့ လီတကုန်သွယ်ရေးလုပ်ငန်း… ဒီဈေးပြောင်းလဲနေတာက သဘောရိုးဟုတ်ရဲ့လား၊ နောက်ကွယ်မှာ ကြိုးကိုင်နေတဲ့သူရှိလား၊ ရှိတယ်ဆိုရင်ရော ဘယ်သူဖြစ်မလဲ။
ဒီအမှုကို ICAC က လိုက်ဖို့အတွက် တိုင်ခဲ့တဲ့ စာရင်းကိုင်ရဲ့သရုပ်မှန်ကရော ဘာလဲ၊ သူကရော ဘာလို့ တရားစီရင်မယ့်နေ့မှထွက်ပြေးရတာလဲ တွေးစရာတွေအများကြီးပြည့်နက်နေတဲ့ ဇာတ်ကားပါ။
မင်းသားတွေ ရုပ်ဆိုးတယ်ဆိုပြီး ကျော်မသွားနဲ့. မင်းသားတွေရုပ်ဆိုး ရုပ်ချောတောင် မသိလိုက်ရအောင်ကို ဇာတ်လမ်းအချိုးအကွေ့တွေအချိတ်အဆက်တွေ များလွန်းလို့ မနည်းလိုက်နေရမယ့် ဇာတ်လမ်းလေးတစ်ခုပါ။ဇာတ်ကားကောင်းကိုမှ ကြည့်ချင်တယ်ဆိုတဲ့ သူတွေ လက်မလွှတ်သင့်ပါဘူး…… Crd: Channel Myanmar
Related